Ep:10

607 55 2
                                    

"နောက်ဆုံးတစ်ယောက် မဆိုးဘူးနော်ဂျိန်း...အဝေးသင်ကျောင်းသူပဲရှိသေးတယ်ဆိုပေမယ့် စကားပြော ပြေပြစ်တယ် လုပ်ငန်းပိုင်းဆိုင်ရာ မေးခွန်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် ဖြေနိုင်တယ် ကိုယ်တော့ သူ့ကို သဘောကျတယ်... နာမည်က.... ပတ်ချယ်ယောင်းလား?..."

"........."

"ဂျိန်း......"

"........."

"ဂျိန်း....ဘာတွေတွေးနေတာလဲ"

အွန်ဝူးက ပုခုံးကို ကိုင်ပြီး လာပြောမှ အတွေးနယ်လွန်နေတဲ့ ဂျန်းနီ လက်ရှိအချိန်ကို ပြန်ရောက်လာသည်။

"အော်....ဘာမှ မဟုတ်ပါဘူး..."

ဂျန်းနီ အွန်ဝူးကို စိတ်မပါ လက်မပါသာပြန်ဖြေလိုက်သည်။

အင်း....နောက်ဆုံး တစ်ယောက်.....

တစ်နည်းအားဖြင့်....

ပတ်ချယ်ယောင်း....


ဟုတ်ပါတယ်...ဘဝရဲ့ပျော်ရွှင်မှုလေးလို့ အမည်ပေး သတ်မှတ်ထားတဲ့အထိ မြတ်နိုးခံရတဲ့ လီလီ့ရဲ့ Rosieလို့ခေါ်တွင်တဲ့ မိန်းကလေးဟာ လွန်ခဲ့တဲ့ ၁နာရီ ခန့်က ဂျန်းနီရှေ့မှာ အင်တာဗျူးဖြေသွားတဲ့ ပတ်ချယ်ယောင်းပါပဲ....





ဒါဟာ....လီလီ့အတွက် ဘယ်လောက်တောင် ဝမ်းသာစရာကောင်းတဲ့ သတင်းကောင်းကြီးလဲ.....

ဒါ....ဒါပေမယ့်လေ...



ဂျန်းနီရင်ထဲမှာ တစ်ခုခု လာတစ်နေသလိုမျိုး ခံစားချက် ဖြစ်နေတယ်။

အရာရာတိုင်းမှာ အားလုံးထက် အမြဲသာလွန်ပါတယ်ဆိုတဲ့ J&J Law firmကြီးရဲ့ ပိုင်ရှင်တစ်ဖြစ်လဲ တောင်ကိုးရီးယားနိုင်ငံရဲ့ ထိပ်တန်းစီးပွါးရေးလုပ်ငန်းစုကြီးဖြစ်တဲ့ J&J groupရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ ဂျန်းနီရူဘီဂျိန်းဟာ အခုတော့ ပိုင်ဆိုင်မှုဆိုလို့ လှပလွန်းတဲ့ ရွှေဝါရောင်ဆံနွယ်ရှည်တွေသာရှိတယ်ထင်ရတဲ့ ဒီသာမန်မိန်းကလေးတစ်ယောက်နဲ့ ယှဉ်တာကို မပြိုင်ခင်ကတည်းက ရှုံးနှိမ့်နေရတာတဲ့....

"ဦးလေးကင်မ်က ကိုယ်တို့၂ယောက်လုံးကို နေ့လည်စာ အတူတူစားဖို့ ချိန်းထားတာ ဂျိန်းမမေ့ပါဘူးနော်...ခုတောင် တော်တော်လေး နောက်ကျနေပြီ သွားရအောင်လား... ဒီတခါတော့ ထွက်မပြေးနဲ့တော့နော် ကိုယ်လည်း မဖြေရှင်းနိုင်တော့ဘူးမို့...."

How Could We ever Just Be Friends?Where stories live. Discover now