"ထပ်တွေ့မယ်နော်...လီလီ ပန်းစည်းလာပို့ရင်း ပျက်စီးသွားတာအတွက် အမြန်ပြန်လုပ်ပေးမှ ဖြစ်မှာမို့ပါ...ငါတကယ် ဘယ်မှ ထွက်မပြေးတော့ဘူးနော်...အမဂျန်းနီက ငါဘယ်မှာ အလုပ်လုပ်တယ်ဆိုတာ သိတယ်.....
ဪ.... အမ...လီလီနဲ့ ညီမက ငယ်သူငယ်ချင်းတွေပါ...
လီလီ ပြီးမှ ထပ်တွေ့မယ်နော်...သွားပြီ..."
ချယ်ယောင်း မျက်နှာမပျက်သွားအောင် အသံတွေ တုန်မနေအောင် မနည်းထိန်းပြီး အမဂျန်းနီ အထင်မလွဲအောင် ရှင်းပြကာ ချက်ချင်း ပြေးထွက်ခဲ့လိုက်တော့တယ်....
မဟုတ်ရင် လီလီနဲ့ ဂျန်းနီရဲ့ရှေ့မှာ သိမ်ငယ်စိတ် ဝမ်းနည်းစိတ်တွေနဲ့ လူကတောင် သေးသေးလေးဖြစ်သွားသလို ခံစားလာရလို့....
ချယ်ယောင်းအတွက် ဘယ်အရာတွေ ဘယ်လောက်ခက်ခဲ ခက်ခဲ မျက်နှာမပျက် ကျော်လွှားနိုင်ခဲ့ပေမယ့် လီလီ့ကို မြင်လိုက်ရတဲ့အချိန်...လီလီ့မျက်ရည်တွေကို တွေ့လိုက်ရတဲ့အချိန်မှာ အရာအားလုံးကိုပစ်ချပြီး လီလီ့လက်ကလေးကိုပဲ ကိုင်ထားပစ်ချင်တော့တာ လီလီ့ကို လွှတ်ထွက်မသွားအောင် ဖက်တွယ်ထားပစ်ချင်တော့တာ....
သို့သော်....သူ့ထက် အရာရာသာလွန်နေတဲ့ လူတစ်ယောက်က လီလီ့အနားမှာရှိနေပြီဆိုတဲ့ အသိစိတ်ဝင်လာတဲ့အခိုက်မှာ ပြိုလဲကျမတက် ရင်ဘတ်အစုံဟာ အလဲလဲအကွဲကွဲ....
"Rosie....Rosie နေဦးလေ!!!"
"လီလီ ...မမ လိုက်သွားလိုက်မယ်..."
သူ့ဟာသူ ထင်ချင်ရာတွေထင် ပြောချင်ရာတွေ ဇွတ်ပြောပြီး ပြေးထွက်သွားပြန်တဲ့ ချယ်ယောင်းနောက် ပြေးလိုက်ဖို့လုပ်နေတဲ့ လီလီ့လက်ကို ဂျန်းနီ လှမ်းဆွဲပြီး တားလိုက်သည်။
လီလီဟာ ဂျန်းနီတားလိုက်တော့ ငြိမ်ကျသွားပေမယ့် ဘာစကားမှတော့ တုန့်ပြန်မလာ ဂျန်းနီ မျက်နှာကိုလည်း လုံးဝလှည့်မကြည့်.....
သူ့လက်ကိုလည်း ဂျန်းနီကိုင်ထားရာမှ အသာရုန်းထွက်လိုက်တော့ ဂျန်းနီရဲ့ ရင်ဘတ်ထဲမှာ ဆစ်ခနဲ နာရသည်။
သူ့ကလေးလေးက သူ့ကို သိပ်စိတ်ဆိုးသွားပြီထင်တယ်...
"လီလီ....မမရှင်းပြပါရစေ...."
YOU ARE READING
How Could We ever Just Be Friends?
Fanfiction"နင်ပေးတဲ့ အတောင်ပံတွေကို တပ်ပြီး နင့်ဆီ ငါက အရင်ဆုံးပျံသန်းခဲ့တော့မှာမို့ နင်က ဒီတိုင်းလေးပဲ ရပ်ပြီး ငါ့ကို စောင့်ပေးနေရင်ရပြီ... ငါ...ငါ့ရဲ့ အလှဆုံးမိန်းကလေးအတွက် ကမ္ဘာပေါ်က အလှဆုံးအရာတွေဆီ ငါ ခေါ်သွားပေးတော့မှာ....."