Monday/4:30pm
📩 Can I call you babe....?
ချယ်ယောင်း အလုပ်တွေ လက်စသတ်နေတုန်း မက့်ဆေ့ချ်တစ်စောင်ရောက်လာတာနဲ့ ကြည့်လိုက်တော့ လီလီ့ဆီက...
တူး...(ဖုန်းဝင်သံ)
"Hello....."
လီလီက ချယ်ယောင်းဆီ မက်ဆေ့ချ်ပို့ပြီး replyစောင့်နေပုံရသည်။
ဖုန်း ဝင်သွားတာနဲ့ ချက်ချင်း တန်းကိုင်သည်။
"အင်း လီလီပြော...."
"အလုပ်ရှုပ်နေလား အချစ်လေး..."
"ခဏတော့ ပြောလို့ရတယ်...ပြောလေ လီလီ.."
တစ်ဖက်က လီလီ့အသံ ရွှင်ရွှင်လန်းလန်းလေးကြောင့် ချယ်ယောင်း စိတ်ပါလက်ပါ ပြုံးမိသည်။
ကျောင်းမှာ Presentation လုပ်တာလည်း အဆင်ပြေပုံရသည်။
"ကိုယ်က ချစ်သူလေး အလုပ်ရှုပ်နေမယ်ထင်လို့ မက်ဆေ့ချ်အရင်ပို့ကြည့်လိုက်တာ...."
လီလီ့ရဲ့ မရိုးနိုင်အောင် ချစ်ဖို့ကောင်းတဲ့ တီတီတာတာလေးတွေက ချယ်ယောင်းအလုပ်ထဲ ပင်ပန်းနေသမျှနှင့် သူ့ကို စိတ်ပူနေရသမျှကို ရေအေးနဲ့ ဖြန်းပေးလိုက်သလိုပင်....
"အင်း....ခုလည်း အလုပ်လုပ်နေတုန်းပဲ ရှုပ်တော့ မရှုပ်တော့ပါဘူး...ဒါကြောင့် လီလီ့မက်ဆေ့ချ်မြင်တာနဲ့ တန်းခေါ်လိုက်တာ..."
"အင်း....Rosie...ဟိုလေ....ဟီးဟီး...."
"ဟင်...ဘာလဲ ဒီလေသံက...ဘာပြောစရာရှိလို့လဲ လီလီရဲ့...."
"ဟို....ဟိုလေ...ကိုယ်..."
"အွန်း......"
"ကိုယ် ဒီည သူငယ်ချင်းတွေနဲ့ clubသွားလို့ရမလား...သူတို့က presentation ပြီးတဲ့ အမှတ်တရမို့ အတင်းဇွတ်ခေါ်နေလို့...ကိုယ်က အဲ့လိုမျိုးတွေကို ဘယ်တုန်းကမှ မလိုက်ခဲ့ဖူးတော့ ခု ငြင်းရခက်နေတာ..."
လီလီအသံအနေအထားအရ ငြင်းရခက်နေတဲ့အပြင် သူကိုယ်တိုင်ကပါ လိုက်ချင်နေတဲ့ အခြေအနေမှန်း ချယ်ယောင်း သိလိုက်ပါတယ်...
သို့သော် ချယ်ယောင်းဆီက ခွင့်ပြုချက် လှမ်းတောင်းနေပုံလေးက ခွင့်မပြုပဲ မနေရက်လောက်အောင် ချစ်ဖွယ်အတိ...
YOU ARE READING
How Could We ever Just Be Friends?
Fanfiction"နင်ပေးတဲ့ အတောင်ပံတွေကို တပ်ပြီး နင့်ဆီ ငါက အရင်ဆုံးပျံသန်းခဲ့တော့မှာမို့ နင်က ဒီတိုင်းလေးပဲ ရပ်ပြီး ငါ့ကို စောင့်ပေးနေရင်ရပြီ... ငါ...ငါ့ရဲ့ အလှဆုံးမိန်းကလေးအတွက် ကမ္ဘာပေါ်က အလှဆုံးအရာတွေဆီ ငါ ခေါ်သွားပေးတော့မှာ....."