"ဟျောင့် ပိုင်ပိုင် ထတော့ကွာ ကျောင်းနောက်ကျတော့မယ် မအေဘေးရဲ့"
"လီးလားပြော အိပ်နေတာကို လဒအသံနဲ့ နှိုးနေတယ် အိပ်မက်မက်တာတောင် ပျက်တယ် ငါလိုး"
"မင်းအိမ်မက်မက်တာ ခဏထား ဒီနေ့ သချ်ာဆရာ ဝင်မှာနော်"
"ဟာ မအေဘေး အဲ့ဒါ အခုမှပြောရလား အဲ့ဆရာက အပြစ်ပေးတာကြမ်းတယ်ကွ"
"မင်းဘာသာ မထတာလေ သတောင်းစားရဲ့"
အောက်ထပ်က ပိုင်ပိုင်မိဘတွေကတော့ ခေါင်းသာရမ်းလိုက်ပါတယ်။အမြဲ သစ္စာလေးက အိမ်က သားကို လာနှိုးရတယ်။နှိုးတိုင်းလဲ အဆဲမပါရင် မဖြစ် အသက်တွေက 18ပြည့်နေပြီ ခုထိ ကလေးလိုလိုခွေးလိုလိုတွေပါပဲ။အင်း မိန်းမရရင် ဘယ်လိုလုပ်ပါ့မလဲ။
ပိုင်ပိုင့်မှာ သချ်ာဆရာဆိုတဲ့ အသံကြားတာနဲ့ စောင်ပုံထဲက ကုန်ရုန်းထကာ ရေချိုးပြီး အောက်ထပ်ဆင်းလာတယ်။
"ကဲလာ မနက်စာစားသွား"
"မစားတော့ဘူး မေမေရဲ့ ကျောင်းနောက်ကျတော့မယ် ဟိုရောက်မှ စားတော့မယ်"
"ခွင့်ပြုပါအုံး အန်တီ"
"အေးအေး သေချာသွားကြအုံး"
သိပ်မကြာခင် ပိုင်ပိုင်နဲ့ သစ္စာ နှစ်ယောက်သား ကျောင်းကို အမြန်ပြေးရတော့တယ်။
"အားလုံး အဆင်ပြေလား ဂုဏ်ရှိန်"
"ဟုတ်ကဲ့ ပြေပါတယ် boss"
"အင်း အမှားတစ်ခုမှမမြင်ချင်ဘူး အမှားလုပ်ရင်လဲ အကုန်အလုပ်ထုတ်ပြစ်"
"ဟုတ်ကဲ့ ဒါနဲ့ boss အဖေက အိမ်ကိုပြန်လာအုံးတဲ့"
"ကျစ် အေး ငါသွားလိုက်မယ် မင်းက ကုမ္ပဏီက လူတွေ အလုပ်သေချာလုပ်လား စောင့်ကြည့် ပြီးတော့ ဘက်ဂျက်တွေ လျော့နေတယ် ငါကြားရတယ် အကြောင်းအရင်းသေချာရှာပြီး ပြော တစ်ယောက်မှ ခွင့်မလွှတ်ဘူး အခုတော့ ငါသွားတော့မယ်"
အဲ့သူကတော့ မှိုင်းထွဋ်ခေါင်ပင်ဖြစ်တယ်။အရပ် 6'3နဲ့ အားကစားလုပ်တာကြောင့် တောင့်ဖြောင့်ကာ မဒီတိုင်း လိုချင်နေတဲ့သူဖြစ်တယ်။တစ်နည်းအားဖြင့် Moon ကုမ္ပဏီရဲ့ CEOပင်ဖြစ်တယ်။မှိုင်းထွဋ်ခေါင်ဆိုတဲ့သူက အလုပ်နဲ့ပတ်သတ်ပြီး တစ်ခုမှအမှားမခံ mafiaမဟုတ်ပေမယ့် သူသာလူသတ်ချင်ရင် အေးဆေးပဲ။လောကမှာ ပိုက်ဆံကသာ အရေးကြီးတယ်လို့ ခံယူထားတယ်။ပိုက်ဆံရှိရင် လိုချင်တဲ့ ဟာမှန်သမျှရတယ်။အချစ်စစ်ဆိုတာ ဝေးသေး တစ်ခါမှမရဖူးဘူး။မိဘဆီကတောင် အချစ်မရတာ သူစိမ်းဆီက အချစ်ဆို စိတ်တောင်မကူးဘူး။မိဘတွေက နောက်မယား နောက်လင်ငယ်နဲ့ ကလေးတွေနဲ့ သာယာနေကြတာ မှိုင်းထွဋ်ခေါင်ကိုရှိတယ်တောင် မထင်ဘူး။ဆယ်ကျော်သက်တုန်းက လက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့ ချစ်ရတဲ့သူတစ်ယောက်ရှိပါတယ်။ဟက် ရည်းစားဖြစ်ပြီး သိပ်မကြာ နောက်တစ်ယောက်နဲ့ဖောက်ပြန်တာပါပဲ။အဲ့ထဲက အချစ်ဆိုတာ ကြီးကိုကြောက်သွားတာ။
![](https://img.wattpad.com/cover/338580972-288-k594207.jpg)
ВЫ ЧИТАЕТЕ
Daddyရဲ့ ချစ်ရပါသော baby(Completed)
ФэнтезиUni ဒီတစ်ခါရေးမှာကတော့ ဒါဒါလေးတစ်ယောက်က Daddy type ပုံစံလေးရေးပေးပါဆိုလို့ ရေးပေးလိုက်တာပါနော်။ဒီဇာတ်လမ်းထဲမှာ Daddyရဲ့ အလိုလိုက်မှုနဲ့ babyရဲ့ ချစ်လို့ ဆိုးတာလေးတွေကိုတွေ့ရမှာပါနော်။တတိယမြောက် ficမို့လို့ ဟာကွက်တွေပါသွားရင် တောင်းပန်ပါတယ်နော်။ Zawg...