ပိုင်ပိုင်ထွက်သွားပြီးတော့ သစ္စာက ဗိုက်ဆာတာကြောင့် ကန်တင်းမှာ မုန့်စားနေတုန်း အရင်က သူ့ကိုကြိုက်တဲ့ အကိုကြီးက လာပြီးစကားပြောနေတာကြောင့် သူလဲစကားပြန်ပြောလိုက်တယ်။သူ့ခေါင်းပေါ် သစ်ရွက်ပြုတ်ကျတာကြောင့် အကိုကြီးက ဖယ်ပေးတဲ့အချိန် ဘယ်ကရောက်လာမှန်းမသိတဲ့ အကိုဂုဏ်ရှိန်ကြောင့် လန့်သွားမိတယ်။
"သစ္စာ အခုချက်ချင်းလိုက်ခဲ့စမ်း"
ဒေါသထွက်နေတဲ့ အကို့ကြောင့် သစ္စာလဲလန့်မိတယ်။
"အကို..လွှတ်ပါအုံး"
"ပါးစပ်ပိတ်ထား"
ဂုဏ်ရှိန်မှာ အလုပ်လုပ်နေရင်း လွမ်းလာတာကြောင့် ကျောင်းကိုလာမိပါတယ်။ဟက် ချာတိတ်ခေါင်းကို တခြားကောင်က ကိုင်နေတာကိုမြင်လိုက်ရတယ် ချာတိတ်သာမရှိရင် အဲ့ကောင် အဲ့နေရာတင်အသက်ထွက်သွားတယ်။အခုတော့ ဒီကောင်လေးကိုနဲနဲပညာပေးရမယ်။
ဂုဏ်ရှိန်က သစ္စာကို ကျောင်းပျက်ကြီးကိုခေါ်လာတယ်။ဒီကျောင်းမှာ ကျောင်းပျက်ကြီးရှိတာ သစ္စာမသိတာမို့လို့ ကြောင်ပြီးကြည့်နေမိတယ်။သစ္စာက အမှောင်နေရာတွေကြောက်တာကြောင့် အခုကျောင်းပျက်ကြီးကိုကြည့်ပြီး ကြောက်နေမိတယ်။
ဂုဏ်ရှိန်က အဲ့ဒါကိုသိစွာ မဲ့ပြုံးပြုံးလိုက်ပြီး ကျောင်းပျက်ကြီးထဲ ဝင်လာခဲ့တယ်။သစ္စာကတော့
"ဟင့်အင်း..အကို..ကျွန်တော်မလိုက်ဘူး အဲ့နေရာမသွားချင်ဘူး"
ဂုဏ်ရှိန်က ဘာမှမပြောပဲ သစ္စာလက်ကိုဆွဲကာ ကျောင်းထဲဝင်လာတယ်။
"ဟင့်..အကိုလွှတ်ပေး ကျွန်တော်ကြောက််တယ်လို့.."
ဂုဏ်ရှန် ကျောင်းပျက်ကြီးထဲ ရောက်တော့ အခန်းတစ်ခန်းထဲကိုဝင်လိုက်တယ်။ကျောင်းပျက်ဆိုတဲ့အတိုင်း အခန်းကလဲ ပင့်ကူမျှင်တွေ ရေညှိတွေတက်ကာ ကြောက်စရာကောင်းလှတယ်။
"သစ္စာ မင်းကို ငါဘာပြောထားလဲ ငါကလွဲပြီး မင်းအနား တခြားသူမရှိစေနဲ့လို့ ငါ့စကားကိူအလေးမထားတာလား"
"အကို..အပြင်..အပြင်ထွက်ပြောရအောင်နော် ဒီမှာ မနေချင်ဘူး"
"ဟက် ဒီမှာ ခဏနေခဲ့လိုက် ငါသွားပြီ"
![](https://img.wattpad.com/cover/338580972-288-k594207.jpg)
ESTÁS LEYENDO
Daddyရဲ့ ချစ်ရပါသော baby(Completed)
FantasíaUni ဒီတစ်ခါရေးမှာကတော့ ဒါဒါလေးတစ်ယောက်က Daddy type ပုံစံလေးရေးပေးပါဆိုလို့ ရေးပေးလိုက်တာပါနော်။ဒီဇာတ်လမ်းထဲမှာ Daddyရဲ့ အလိုလိုက်မှုနဲ့ babyရဲ့ ချစ်လို့ ဆိုးတာလေးတွေကိုတွေ့ရမှာပါနော်။တတိယမြောက် ficမို့လို့ ဟာကွက်တွေပါသွားရင် တောင်းပန်ပါတယ်နော်။ Zawg...