မဂ်လာဆောင်မည့်နေ့
"ဂုဏ်ရှိန် baby ပြီးပြီလား"
"ပြီးလောက်ပါပြီ"
"အင်း သွားမယ်"
မှိုင်းမှာ ပိုင်ပိုင်နဲ့လက်ထပ်ရမှာမို့လို့ မျက်နှာက အပြုံးက မရပ်နိုင်ဘူးဖြစ်နေတယ်။အပြုံးမရှိဘဲ ဒေါသထွက်နေတဲ့သူတစ်ဦးကတော့ နဒီလှိုင်ဆိုတဲ့မိန်းကလေးပင်ဖြစ်တယ်။
"တောက်ခ် အခြောက်ကောင် နင်က ကိုမှိုင်းနဲ့တန်တယ်ထင်နေတာလား ကိုမှိုင်းလိုလူက ငါနဲ့မှတန်တာ ဟက် ကိုမှိုင်းကိုရအောင်ယူပြမယ်"
မှိုင်း ပိုင်ပိုင်ဆီရောက်တော့ မျက်နှာပြင်နေတုန်းဖြစ်တယ်။အရင်ကတည်းက ချစ်ဖို့ကောင်းတဲ့ ပိုင်ပိုင်က အခုတော့ အရုပ်လေးသဖွယ် အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းနေတယ်။
"Baby"
"ဘိုးတော်"
"မိတ်ကပ်ပြင်ပြီးရင် ထွက်ကြတော့ အဝတ်အစား ငါ့ဘာသာလဲပေးမယ်"
အဲ့တော့မှ အကုန်လုံးထွက်သွားကြတော့တယ်။
"Baby လာ Daddy အဝတ်အစားလဲပေးမယ်"
"ကိုယ့်ဘာသာလဲမယ်"
"Babyကလဲ Daddyကိုမရှက်ပါနဲ့ လာ"
ပိုင်ပိုင်လဲ ပြောမရတာမို့လို့ ထားလိုက်တော့တယ်။ပိုင်ပိုင်ကတော့ ခရမ်းရောင်ဝတ်စုံလေးနဲ့အရမ်းကိုလိုက်ဖက်နေတယ်။
"သားမှိုင်း စင်ပေါ်သွားရပ်တော့"
"ဟုတ်ကဲ့"
မှိုင်းလဲ နက်ခ်တိုင်ကိုသေချာပြင်ပြီး စင်ပေါ်သွားရပ်လိုက်တယ်။ပိုင်ပိုင်ကတော့ သူ့အဖေလက်မောင်းကိုချိတ်ကာ လျှောက်လှမ်းလာတယ်။
မှိုင်းကတော့ ကြည့်ပြီး မျက်ရည်ဝဲနေတယ်။နဒီလှိုင်ကတော့ ဝိုင်ခွက်ကို လက်နဲ့ကျစ်နေအောင်ကိုင်ထားတယ်။ဒေါသလဲထွက်နေတာပေါ့။
"ဦးလေးသားကို စောင့်ရှောက်ပေးပါ"
"တသက်လုံးစောင့်ရှောက်ပေးပါ့မယ်"
အဲ့နောက် ဂတိတွေပေးကြပြီး အနမ်းတွေဖလှယ်ကြတယ်။လက်စွပ်တွေအပြန်အလှန်ဝတ်ပေးကြတယ်။
![](https://img.wattpad.com/cover/338580972-288-k594207.jpg)
YOU ARE READING
Daddyရဲ့ ချစ်ရပါသော baby(Completed)
FantasyUni ဒီတစ်ခါရေးမှာကတော့ ဒါဒါလေးတစ်ယောက်က Daddy type ပုံစံလေးရေးပေးပါဆိုလို့ ရေးပေးလိုက်တာပါနော်။ဒီဇာတ်လမ်းထဲမှာ Daddyရဲ့ အလိုလိုက်မှုနဲ့ babyရဲ့ ချစ်လို့ ဆိုးတာလေးတွေကိုတွေ့ရမှာပါနော်။တတိယမြောက် ficမို့လို့ ဟာကွက်တွေပါသွားရင် တောင်းပန်ပါတယ်နော်။ Zawg...