အတန်းဆင်းတော့ Gyuvin တို့ ကော်ရပ်တာမှာ ရပ်စကားပြောနေတုန်း Gyuvin တို့ အတန်းထဲက မိန်းကလေးတွေ အလှတွေပြင်ပြီး အလုအယက်ပြေးလာလို့ Gyuvin ကိုယ်ကို ဘေးယို့ပေးလိုက်ရတယ်။ဘေးက ဆောအွန်းကို ဘာလဲဆိုတဲ့သဘောနဲ့ မေးငေါ့ပြလိုက်တော့"Han Yujin အထက်တန်းပထမနှစ်ကို ပြောင်းလာတာ။ ရုပ်က မတအားကိုချောတာ။ ရွှေဇွန်းလေး"
"ရွှေဇွန်း"
"ရွှေဇွန်းပေမယ့် အဖေ့က တရားသူကြီး၊ အမေက ဆရာ၀န်မို့ လက်လွတ်စပယ် သွားထိလို့တော့ မရလောက်ဘူး"
"မင်း ဘယ်တုန်းက ကြောက်တတ်သွားတာလဲ ဟမ် ဆောအွန်း"
အနားကို ရောက်လာတဲ့ ရစ်ကီက မေးလိုက်တယ်။"ညနေ ဆုံမှတ်ကို ခေါ်လာခိုင်းလိုက်" Gyuvin က ဆောအွန်း ရင်ဘတ်ကို လက်ဖြင့်တွန်းရင်း ပြောလိုက်တယ်။
Gyuvin အဖေက ဂန်နမ်း လွှတ်တော်အမတ်၊ ရစ်ကီကေတာ့ တရုတ်နိုင်ငံသားကိုမှ Yoenin group က ဒါရိုက်တာရဲ့သား၊ ဆော့အွန်းအဖေက Gyuvin တို့ကျောင်းအုပ်မို့ သုံးယောက်သား ပေါင်းမိတဲ့အခါ ဘယ်သူမှ မထိရဲတဲ့ group ဖြစ်သွားတယ်။
----------------------
"Yujin မင်းကို စီနီယာတွေက ကျောင်းဆင်းရင် လာခဲ့ဖို့ခေါ်နေတယ်"
တာ့ခူတိုက ယူဂျင်းကို လာပြောတယ်။ ယူဂျင်း ခေါင်းပဲ ညိတ်ပြလိုက်တယ်။ ဒါပေမယ့် ညနေရောက်တော့ ယူဂျင်း မေ့ပြီး ကျူရှင်ကိုပဲ မြန်မြန်ပြေးမိတယ်။ ယူဂျင်းက ဆရာ၀န်ဖြစ်ချင်တာမို့ ငယ်ငယ်ကတည်းက စာကြိုးခဲ့တာ။ ဖေဖေကတော့ ယူဂျင်းကို law school တက်စေချင်ပေမယ့် ယူဂျင်း စိတ်မ၀င်စားမှန်းသိတော့ ဖိအားမပေးခဲ့။
ကျူရှင်က အပြန်ကို မေမေ လာကြိုမယ်ပြောပေမယ့် အိမ်နဲ့ နီးတာကြောင့် ကိုယ့်ဘာသာကိုယ်ပဲ လမ်လျှောက်ပြန်လာခွင့် တောင်းထာတာမို့ မေမေကလည်း ခွင့်ပြုပေးတယ်။ ပုံမှန်ဆို ယူဂျင်း အိမ်ကိုတန်းပြန်ဖြစ်ပေမယ့် ဒီနေ့တော့ လေညှင်းခံချင်တာနဲ့ ပန်းခြံထဲက ပတ်ပြန်လာဖြစ်တယ်။ ပန်းခြံထဲမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခု လူတစ်စုက တစ်ယောက်တည်းကို ဝိုင်းရိုက်ပုတ် အနိုင်ကျင့်နေတာ။ ယူဂျင်း ကျော်မသွားချင်။ အများနဲ့ တစ်ယောက်ဖြစ်နေတော့ တစ်ခါမှ ရန်မဖြစ်ဖူးပေမယ့် ယူဂျင်း တုတ်လိုက်ရှာမိတယ်။ တုတ်တွေ့တော့ လှမ်းယူမယ့်အပြင်