အဲ့ဒီနောက်ပိုင်း စီနီယာက ယူဂျင်းအခန်းဘက်ကို လာလာပြီးတော့ မုန့်တွေ အအေးတွေ ၀ယ်လာပေးတာက တစ်ရက်မပျက်။ ပိတ်တဲ့ရက်ဆို စာပို့လိုက် ဖုန်းခေါ်လိုက်နဲ့
"ယူဂျင်းနီးကို လွမ်းလို့ " ဆိုတဲ့ စကားက မပါမဖြစ်။ ကျောင်းပြန်ဖွင့်တာနဲ့ ယူဂျင်းအခန်းဘက်ကို ရောက်ရောက်လာပြီး မုန့်တွေ လာပေးကာ ယူဂျင်းပါးကို လက်နှစ်ဖက်နဲ့ ညှစ်ပြီး စလေ့ရှိတယ်။
"ပိတ်ရက်စာအတွက်ပါ နှစ်ခါ" ဆိုတာမျိုးလည်း အနိုင်ကျင့်တယ်။ အရင်က ကောင်မလေးတွေ ယူဂျင်းအခန်းဘက်ကို လာလေ့ရှိပေမယ့် စီနီယာကြောင့် တစ်ယောက်မှမလာတော့ပေ။ စီနီယာနဲ့ ယူဂျင်း သဘာ၀ကျကျပဲ ခပ်မြန်မြန် ရင်းနှီးခဲ့ကြတယ်။
ကျူရှင်က အပြန် စီနီယာနဲ့ ဖုန်းပြောရင်း ပန်းခြံဘက်က ပတ်ပြန်လာတယ်။ ဟိုနေ့က အနိုင်ကျင့်နေတဲ့ လူအုပ်ကိုတွေတော့ ယူဂျင်း ဖုန်းကို မချဘဲ အိတ်ထဲထည့်လိုက်တယ်။
-------------------
ဖုန်းပြောနေရင်းက ယူဂျင်းနီးအသံရပ်သွားတော့
"ဟူဂျင်း ဘာဖြစ်တာလဲ"
တစ်ဖက်က ဟန်ယူဂျင်း အသံအစား
"မင်းမလား ဟိုနေ့က ကိုယ်နဲ့မဆိုင်ဘဲ ၀င်ပါတဲ့ကောင်က"
ဆိုတဲ့ အသံကိုကြားရတယ်။ ပြီးတော့ ဗလုံးဗထွေးအသံထဲမှာ ယူဂျင်း နာလို့ အော်သံကိုကြားရတယ်။ ဂယူဘင်း စိတ်တွေပူပြီး Penthouses ထဲက ပြေးထွက်ခဲ့တယ်။ တည်နေရာကို ဂယူဘင်းကောင်းကောင်း ခန့်မှန်းမိတယ်။ ဂယူဘင်းတို့ စတွေ့ခဲ့တဲ့ ပန်းခြံပဲ။ Penthouses အထွက်မှာ Ricky ကိုတွေ့တော့"ဆော့အွန်းကို ခေါ်ပြီး အမြန်လိုက်ခဲ့"
ပန်းခြံထဲ ဂယူဘင်း ရောက်သွားတော့ ဂယူဘင်းကိုင်နေကြ ယူဂျင်းပါးလေးတစ်ဖက်က နီရဲနေပြီ။ ယူဂျင်းကို လက်သီးနဲ့ ထိုးထားတာဆိုတဲ့ အသိပဲ ခေါင်းထဲရောက်လာပြီးတော့ ဂယူဘင်း ဒေါသတွေနဲ့ တစ်ဖက်လူထဲက တစ်ယောက်ကို စထိုးလိုက်တာ။ နောက်မှာ Ricky နဲ့ ဆော့အွန်းလည်း ရောက်လာပြီး ရန်ပွဲက မြိုင်ဆိုင်သွားတယ်။ ရန်ပွဲလို့ သုံးရမှာထက် ခံပွဲလို့ သုံးလိုက်ရင် ပိုမှန်မယ်ထင်။ သူတို့သုံးယောက်က ကျောင်းမှာသာ ခပ်တည်တည်နဲ့ လူမိုက်ချင်ယောင်ဆောင်နေပေမယ့် တစ်ယောက်မှ ရန်မဖြစ်တတ်။ မိဘဂုဏ်သိက္ခာတွေကိုလည်း ထိန်းရကာ ရန်ပွဲမှန်သမျှရှောင်တဲ့ ဖိုက်တာပဲလုပ်လေ့ရှိတယ်။ ခုတော့ ချာတိတ်အတွက်နဲ့ ရန်ဖြစ်တာမို့ ပထမဆုံးအကြိမ်ဆိုတော့ ခံသီးတွေသာ သီးနေရတယ်။ တော်ပါသေးရဲ့ ရစ်ကီညီ အိုလီက ကျူရှင်က အပြန်မှာ ရန်ဖြစ်နေတဲ့ သူတို့ကိုတွေ့ပြီး ပတ်ကင်းရဲကို သွားခေါ်လာလို့။