ဒီနေ့ ယူဂျင်း ညဂျူတီဆင်းရတာမို့ မိုးလင်းတော့ အလုပ်ဆင်းဖို့ ပြင်နေတုန်း။
"ဟန်ယူဂျင်း မင်းအစ်ကိုတဲ့ ဓားထိုးခံရလို့ အရေးပေါ်အခန်းထဲမှာ။ သွေးတွေလည်း အရမ်းထွက်နေတယ်"။
ယူဂျင်း ကမန်းကတန်းပြေးသွားမိတယ်။ အရေးပေါ်ခန်းထဲက ကုတင်ပေါ်မှာ ဟျောင်း။ ဟျောင်း ကိုယ်မှာ သွေးတွေ ရဲေတာက်နေပြီးတော့
"ဟျောင်း ဟျောင်း ထပါဦး။ မျက်လုံးဖွင့်ကြည့်ပါဦး ဟျောင်း။"
ဟျောင်း မျက်လုံးတွေက ပွင့်မလာ။ လက်ကလေးသာ အနည်းငယ်လှုပ်လာတယ်။ ယူဂျင်း ဟျောင်း လက်ကို ကိုင်လိုက်တယ်။
"ဟျောင်း ကျွန်တော်ရှိတယ်။ ဟျောင်းဘာမှမဖြစ်ရဘူး။ ဟျောင်း ဟျောင်း သတိထားပါဦး"
"ယူဂျင်းရား ..…. ချာတိတ်ကို ချစ်တယ်"
ဟျောင်းအသံက ဗလုံးဗထွေး။
"ကျွန်တော်လည်း ချစ်တယ် ဟျောင်း။ ဟိုးငယ်ငယ်လေးကတည်းက ချစ်တာ။ ဟျောင်း ဘာမှမဖြစ်ဘူးနော်။ ဟျောင်း.… ဟျောင်း"
ဟျောင်းဆီက ဘာစကားမှ ပြန်မလာတော့။ ယူဂျင်း ပုခုံးပေါ် လက်တစ်ခုရောက်လာလို့ ယူဂျင်း မော့ကြည့်တော့
"ဟန်ဘင်းဟျောင်း"
"ဟျောင်းတို့ ဂယူဘင်းကို ခွဲစိတ်ဖို့ အရင်ပြင်ရအောင်နော်။ လိုအပ်တာတွေလုပ်ရမှာမို့ ...ယူဂျင်းနီးက"
"ဟန်ဘင်းဟျောင်း ဟျောင်းက ဒီလိုနဲ့"
"ဟန်ယူဂျင်း သတိကပ်စမ်း"
ဟန်ဘင်းဟျောင်း အော်လိုက်မှ ယူဂျင်း စိတ်ကို တင်းပြီးနေရမှန်း သဘောပေါက်တယ်။
ဟျောင်းကို ခွဲခန်းထဲ ခေါ်သွားတုန်း မှာပဲ ဟျောင်းဖေဖေနဲ့ ယူဂျင်းမိဘတွေ ရှေ့ဆင့်နောက်ဆင့်ရောက်လာတယ်။ ပြီးတော့ အိုလီ၊ စီနီယာဆော့အွန်းနဲ့ စီနီယာ ရစ်ကီတို့ရောက်လာတယ်။ မက်သရူးဟျောင်းကတော့ နောက်ဆုံးမှ ရောက်လာပြီး တစ်ချိန်လုံး ယူဂျင်းနားမှာပဲ နေကာ နှစ်သိမ့်ပေးနေတယ်။ဟျောင်းကို ခွဲစိတ်နေတဲ့ အချိန်က ယူဂျင်းအတွက်ေတာ့ ငရဲက ဘာလဲဆိုတာ ကောင်းကောင်းနားလည်ရတဲ့ အချိန်ပဲ။ ကျွန်တော်ဆီကိုပဲ ပြန်လာခဲ့ပေးပါ ဟျောင်း။ ဟျောင်းသာ ကျွန်တော့်ဆီပြန်လာမယ်ဆို ဘာပဲလုပ်ရလုပ်ရပါ။