လမ်းမှာ နေ့တိုင်းတွေ့တဲ့ ကြောင်တစ်ကောင်ကို လှမ်းခေါ်ကြည့်တဲ့အခါ အဲ့ကြောင်က စိတ်ရှုပ်ထွေးနေတဲ့ မျက်ဝန်းတွေနဲ့ ကိုယ့်ကို ပြန်ငေးကြည့်နေလေ့ရှိတယ်။
သူနားမလည်လို့ နေမှာပါလေဆိုပြီး လှည့်ထွက်ခဲ့ပေမယ့် ဒီကြောင်ကပဲ တခြားလူ ခေါ်တဲ့အခါမှာတော့ ခြေထောက်တွေကြား တိုးဝှေ့နေလေရဲ့။
အစောကြီးတည်းက ကိုယ်သိခဲ့သင့်တာက ဒီကြောင်ဟာ လူစကားနားမလည်တာ မဟုတ်ဘဲ ကိုယ့်ကို အဖတ်လုပ်နေရမှာစိုးလို့ နားမလည်ချင်ဟန်ဆောင်ခဲ့တယ်ဆိုတာပဲ။
ကျွန်တော်တို့ရော အဖတ်မလုပ်တဲ့ လူဘယ်နှယောက်ကိုများ စိတ်ရှည်စွာ စောင့်ဆိုင်းပြီးပြီလဲ။
•Chu•