ဒီလိုနဲ့JKတစ်ယောက်အိမ်ပြန်ရောက်လာတော့တယ်
မိုးရေတွေ ရွှဲစိုနေတာမို့အင်ကျီခပ်မြန်မြန်လဲပြီးခေါင်းသုတ်နေလိုက်တယ်
ခေါင်းသုတ်နေရင်းထိုကောင်လေးအကြောင်းကိုစဉ်းစားနေမိသည်။JKကိုပြူးတူးပြဲတဲကြည့်နေတဲ့ကောင်လေးကြောင့်နည်းနည်းတော့ ကြောင်သွားမိသည်။
သို့သော်
JK"ဟိတ်ကောင်လေး
ထီးမပါလာဘူးမလား
ရော့ ယူသွားလိုက်"
ဆိုပြီးထီးကမ်းပေးလိုက်တယ်
အဲ့ဒီအချိန်
လေကပြင်းလာပြီး
ရုတ်တရက်"ခြိမ်း"ဆိုပြီးမိုးခြိမ်းလိုက်တယ်
အရှေ့က ကိုယ်ငယ်လေးက ကြောက်လို့ထင်ပါရဲ့
သူ့နားလေးကိုတိုးလာတယ်လေ
အဝေးကြီးကကြည့်နေတာတောင်ရင်ခုန်ပါတယ်ဆိုမှ
အနားတိုးလာတွေ ရင်ခုန်သံတွေ
ဗလောင်ဆူပြီပေါ့
JK "ရော့ထီးယူပြီးအမြန်ပြန်သွားလိုက် မိုးဒီ့ထက်သည်းလာရင်မကောင်းဘူး"
သူလေးလည်း ထီးကလေးကိုယူကာ ကျေးဇူးတင်ကြောင်းပြောပြီးခပ်သုတ်သုတ်ထွက်သွားလိုက်တယ်
ထွက်သွားတဲ့ကျောပြင်ငယ်လေးကို ကြည့်ရင်း
JK "ကံမကုန်ရင်တော့ပြန်ဆုံကြတာပေါ့ကွာ"
လို့ တီးတိုးပြောပြီးခပ်မြန်မြန်အိမ်ကိုပြန်လာလိုက်တယ်
"ဟက်"JK ရယ်မိလိုက်တယ်
အပြုံးလေးတစ်ပွင့် JK မျက်နှာပြင်မှာ ဖြတ်ပြေးသွားတယ်
ထို့နောက်အမေခေါ်လို့ထသွားလေရဲ့။At JM side
မိုးသည်းသည်းထဲမှာ
လဲကျလုမတတ်ပြေးလာမိတယ်
JM mom '' Jiminie ဘာလို့အာ့လောက်ပြေးလာနေတာလဲ
ဟောမိုးတွေရွှဲစိုနေတာပဲ
လွယ်အိတ်ကစာအုပ်
တွေစိုသွားပြီမလား
ဟေ့ ဟေ့ငါပြောတာမကြားဘူးလား''
JM ရဲ့မေမေကသူပြောနေတုန်းမှာJmအပေါ်ကို ပြေးတက်သွားတာမို့ ဒေါပွကျန်လိုက်တယ်လေ။အခန်းထဲရောက်တော့
အင်ကျီတွေဘာတွေလဲပီး
အခုန်မြန်နေတဲ့
သူနှလုံးသားလေးကိုဆန်းစစ်နေမိတယ်။
သူနဲ့ တွေ့မှအခုန်မြန်လာတာပါ။
မျက်လုံးလေးတွေ က ဝိုင်းဝိုင်းလေး
နှုတ်ခမ်းဟာပါးပါးလေး
ယုန်လိုသွားလေးနဲ့
ပြုံးပြနေတာ
ခန့်တာလဲတစ်အားပဲ
ချစ်ဖို့ကောင်းတာလဲ တအားပဲ
စဉ်းစားနေရင်း
JM မျက်နှာမို့မို့ကလေးတွင် အပြုံးကလေးတစ်ပွင့်ဖြစ်တည်လာသည်။
JMမသိလိုက်မီမှာပင်
ခပ်ရေးရေးလေးပြုံးမိသွားတာကို
က နူးနူးညံ့ညံ့လေး။
အဲ့အပြုံးလေးမှာ အဓိပယ်တွေအများကြီးပါနေတယ်
ပြုံးနေရင်း
သူငှားလိုက်တဲ့ထီးကလေးကိုကြည့်ရင်း
မျက်လုံးလေးတွေ မှိတ်သည်အထိ
ပင် ပြုံးမိသည်။
ထီးကလေးမှာ ယုန်ရုပ်ကလေးတွေပါနေသည်ကိုး
ကြည့်ရတာခလေးစိတ်မကုန်သေးဘူးထင်ပါရဲ့။
အဖြစ်အပျက်တွေ ကမြန်ဆန်လွန်းလှသည်မို့
သူ့နာမည်ကလေးတောင် မမေးမိလိုက်သည်ကို
နှမြောတသဖြစ်မိသည်။ထိုအချိန်JKစိတ်ထဲမှာလည်း
နာမည်လေးတောင်မမေးလိုက်ရဘူးဆိုပြီးလည်းနှမြောနေမိတာကိုတော့
JMသိလိမ့်မည်မဟုတ်ပါချေ။all this reasons color in by you
all this times are precious due to you
four seasons have passed with you.........ထိုအချိန်JM ဆီဝင်လာသောဖုန်းတစ်လုံး......
...............................................................
Update ပါ
မျှော်နေတဲ့လူမရှိလည်းရေးတယ်ဟေ့
ဆူးတို့ကဘာကိုမှ ဂရုမစိုက်ဘူး😜
နောက်တစ်ပိုင်း လူသစ်လာမယ်😘
![](https://img.wattpad.com/cover/328511829-288-k857236.jpg)
YOU ARE READING
ချစ်ခဲ့ပါတယ် မောင်ရယ်