သူနဲ့စတင်ဆုံတွေ့ခြင်း

51 2 0
                                    

"ဒီနေ့မိုးတော်တော်ရွာနေပါလား
ထီးတောင်မပါလာဘူးပဲ
သွားပါပြီ စာအုပ်တွေစိုလို့မဖြစ်ချေဘူး"

Jiminတစ်ယောက် ကျူရှင်အပြန် လမ်းမှာမိုးရွာလို့ စိတ်ရှုပ်နေရသည်။
ပုံမှန်လူတွေဆို စာအုပ်တွေစိုလို့ရပေမယ့် သူ့မှာမေမေကဆူပါလိမ့်မယ်။

ငါတော့သွားပါပြီ

Jungkook တစ်ယောက် Store ဆိုင်လေးကိုသွားရင်း မိုးကရွာချတော့တယ်

"ဘုရားကယ်လို့ထီးပါလာတာပေါ့ JKရေ"
လို့ ကိုယ့်ကိုတီးတိုးရေရွတ်လိုက်တယ်

ဒါပေမယ့်ဘာကြောင့်မှန်းမသိ အိမ်မပြန်ချင်သေးတာကြောင့် ဘေးကိုတစ်ချက်ကြည့်လိုက်တော့
"ဟာ"
မိုးရေတွေ မိုးစက်ကလေးတွေ အောက်မှာမြင်လိုက်ရတဲ့အလှတရားလေးတစ်ခုပေါ့
ရင်ဘတ်ထဲကအကောင်က တစ်ချက်တစ်ချက်
အခုန်မြန်လာတယ်
မိုးပေါက်လေးတွေနှင့်အပြိုင်
ဖြူစင်လှပါသော ကောင်လေးတစ်ယောက်
သို့သော်
မိုးကိုစိတ်ရှုပ်နေဟန်
လွယ်အိတ်ကလေးကိုဖက်ထားကာ ငိုမဲ့မဲ့ရုပ်ကလေးနှင့်
JK ပါးစပ်မှ
"ဟာကွာ
ချစ်ဖို့ကောင်းလိုက်တာ"
လို့တောင်အယောင်ယောင်အမှားမှားထွက်မိတယ်
မဖြစ်ချေဘူး
ရင်းနှီးသွားအောင်တစ်ခုခုလုပ်ချေမှပဲ
JK pov"ထီးကလေးများသွားငှားလိုက်ရမလား
အင်း ကောင်းပါ့မလားကွာ
ရှုပ်လိုက်တာ ဆိုပြီးနှင်ထုတ်နေမှ
အပိုင်းတစ်ဇာတ်သိမ်းသွားရင် တော့

ဟာကွာ ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းလေးတော့ ခင်သွားအောင် သွားဆင်လိုက်မှ
Fighting JK"

ပတ်ဝန်းကျင်တစ်ခုလုံးစိမ်းလဲ့နေသည်
လေကတော့ပြင်းပြင်းကြီးမတိုက်ပေမယ့်
ကိုယ်ငယ်လေးကချမ်းနေတယ်
အဲ့ဒီနေရာကနေလည်းမရွေ့ဖြစ်တစ်ယောက်ယောက်ကိုစောင့်နေသလို
တစ်ယောက်ယောက်ကလာမှာကိုသိနေသလိုမျိုးခံစားရတာကြောင့် သိချင်တဲ့စိတ်နဲ့ စောင့်နေလိုက်တယ်
ဟော သူ့အရှေ့မှာ လာရပ်တဲ့လူတစ်ယောက်
ခေါင်းကလေးငုံထားတာမို့
ဖိနပ်ကိုပဲမြင်ရတယ်
ဖြည်းဖြည်းချင်းမော့ကြည့်လိုက်တဲ့အခါ
ချော အရမ်းချောတဲ့ကောင်လေးတစ်ယောက်
သူနဲ့ သက်တူရွယ်တူလောက်ပဲရှိမယ်လို့ထင်ရတယ်
ဝိုင်းစက်နေတဲ့ မျက်လုံး၊ ရီပြလိုက်တဲ့အခါ
သွားကလေးတွေ ယုန်သွားကလေးတွေလိုမျိုး၊ အရပ်ရှည်ရှည်နဲ့
ရှည်တဲ့အရပ်ဟာ ကိုယ်တောင်ပုသွားသလိုမျိုးခံစားရတယ်။
မျက်လုံးလေးတွေ အကြည့်ချင်းစုံမိတဲ့အခါ
ရင်ဘတ်ထဲကအကောင်က
ကျယ်လောင်စွာမြည်ဟိန်းလာတယ်
ရယ်ပြလိုက်တဲ့အခါ
ရင်ထဲမှာ ပန်းကလေးတွေပွင့်သွားတယ်
အရာရာလှပသွားတယ်
အမြင်ကတ်နေတဲ့မိုးကိုတောင် ကျေးဇူးတင်မိတယ်
ငါ.. ငါ..စာအုပ်ကြီးသမား Park Jimin ဟုတ်ပါတယ်နော်။
ဘာလဲ ဘာလဲ Jimin ရယ် စိတ်များဖောက်သွားပ့လား
ဘဝတစ်လျှောက်လုံး ဘယ်လိုမှ မခံစားဖူးတဲ့ခံစားချက်ကြီးပါလား
စိတ်ထိန်းစမ်းပါဉီး။
မဖြစ်ဘူး မဖြစ်ဘူးးးး

At JK pov-
အနီးကပ်ကြည့်လေ လှလေ
နီးလာလေ လိုချင်လာလေ
ခင်ဗျားရယ် အရုပ်ကလေးသာဆိုရင်
ထမ်းပြေးသွားချင်ပါဘိ
ရေစက်ကလေးနှင့်မျက်နှာကို
ထိမိချင်စိတ်ကတစ်ဖွားဖွား
ငမ်းနေတဲ့စိတ်ကထိန်းသိမ်းမရ
ပြူးနေတဲ့မျက်လုံးတွေ ပြဲလန်နေမှာကို ပြောစရာတောင်မလို
ဖြစ်ပျက်နေလိုက်တာများ
Jk ရယ်
မိန်းကလေးတွေတောင်ထည်လဲတွဲနေတဲ့ ငါဆီမှာ အချစ်စစ်များပေါက်ဖွားလာပါ့လား။

ရင်ခုန်သံတွေသည်စည်းချက်မညီစွာဖြင့် June လ 1 ရက်နေ့တွင်
ဦး ဦး ဖျား ဖျား မိုး နှင့်
အတူ
ခါတိုင်းနှင့်မတူဘဲ
ဦး ဦး ဖျား ဖျား
ပထမဆုံး
ရင်ခုန်နေခဲ့သောကောင်လေးနှင့်
ပထမဆုံး
အချစ်စစ်ကို ရှာတွေ့ခဲ့ပြီဖြစ်သော
ကောင်လေးနှစ်ယောက်သည် မိုးရေ
တွင်
သိပ်ကိုလှပစွာ ဆုံတွေ့
ခဲ့သည်မဟုတ်သော်လည်း
သူတို့အ
ဖို့လှပနေခဲ့ပါတယျလို့ ထင်ရင်လည်းမမှားနိုင်ပါ

ရင်ခုန်သံများဒုန်းရင်းဖြင့်
သိပ်ကို စိတ်လှုပ်ရှားနေခဲ့ကြပါသည်။
မသိသေးသောကံကြမာ များကို ဘေးဖယ်ကာ ကောင်လေးနှစ်ယောက်၏ ရှေ့ဆက်အနာဂတ်သည်
လှလှပပ ကလေးဖြစ်မလား
ငြိမ့်ညောင်းသာယာစွားဖြစ်နေမလား
မုန်တိုင်းထန်နေမလားကို
စာရေးသူလည်းမသိသလို
စာဖတ်သူများလည်းမသိပါချေ။
ရင်ခုန်သံချင်းတူသော်လည်းအတွေးများမှာမူမတူပါပေ

JK pov "သူကသိပ်ငိုချစ်ဖို့ကောင်းပါလား"

JM pov"သူကသိပ်ကိုခန့်တာပါလားနော်"
.....,...........................,
Update ပါ ဖတ်နေတဲ့လူတွေရှိ လားဟင်။








ချစ်ခဲ့ပါတယ် မောင်ရယ်Where stories live. Discover now