Minငယ် ကို ဆိုပြချင်တဲ့ သီချင်းတစ်ပုဒ်

52 0 0
                                    

ချစ်တယ် ။
အဲ့ဒီ စကားလုံးထက်ပို၍ အဓိပယ်ဖွင့်ဆိုလို့ ရသေးရင်လည်းဖွင့်ဆိုချင်ပါ ရဲ့ဗျာ။

ဟုတ်တယ် ပြောင်းလဲတတ်ကြတယ်။
အချစ်နဲ့ထိတွေ့ပြီးရင် လူတွေဟာ ပြောင်းလဲသွားတတ်ကြတယ်။
အရာရာဟာ လှပတယ်လို့ မြင်လာကြတယ်။
ချစ်မိတဲ့လူရဲ့ အသေးအဖွဲ့လေးတွေကိုတောင်မှ ရူးသွပ်တတ်ကြတာ ။

မခံစားဖူးဘူး။
သူနဲ့ မတွေ့ခင် အချိန်အထိ လေးနက်တဲ့ခံစားချက်တွေ မရှိခဲ့ဖူးဘူး။
သူနဲ့ ၊ သူလေးနဲ့မှဗျာ။

မလုပ်ဖူးတာ၊ မခံစားဖူးတာတွေ၊ မကြုံဖူးတာတွေ၊ တစ်ယောက်တစ်ဉီးမှအတွက်မပြောင်းလဲခဲ့ဘဲ မာနကြီးမိတာတွေက
သူလေးရှေ့
ရောက် မှ ခဝါချခဲ့ရတာတွေ
ဟုတ်ပါတယ် အဲ့တာတွေက ချစ်တာ ၊ ချစ်နေတာ၊ နှစ်နှစ်ကာကာချစ်နေမိတာဆိုရင်
သေချာပါတယ်......... ကျွန်တော်.......ခင်ဗျားလေးကို.........ချစ်နေမိပြီပဲ........Park Jiminie..............
ဖွင့်ဟ ဝန်ခံဖို့ ကတော့ ကျုပ် သတ်တိတွေ တော်တော်လေးမွေးရဉီးမယ်ထင်ပါတယ်။
..................................ချစ်သော......မောင်~~

............................................လွန်ခဲ့သောတစ်ရက်ခန့်က.
.
.
Jeon jungkook ဟူသောကောင်လေးအခန်းထဲတွင်..........

ရေးနေရတာရိုးနေပြီဖြစ်သော...စာကြောင်း
လေးအချို့ကို ဒိုင်ယာရီစာအုပ်လေးပေါ်တွင်
မြတ်နိုးသောသူအားတောင့်တရင်းရေးလိုက်မိရင်

''ဟက်''
ရယ်မိသည်။
စာစီစာကုံးတောင်မရေးဖူးသော
ကောင်လေး
တစ်ယောက်၏ ထူးဆန်းသောပြောင်းလဲမိမှုတစ်ချို့ကြောင့် ထို ကောင်လေးသည်
ကိုယ့်ကိုကိုယ်ပင် ရယ်လိုက်မိခြင်းပင်။

ဟုတ်တာပေါ့။
ကျွန်တော်ကလေ တစ်ဉီးတစ်လေကိုတောင်မှ
စာအုပ်ထဲမှာရေးဖို့တောင်မပြောနဲ့ ခေါင်းထဲမှာတောင် အလေးအနက်မတွေးမိခဲ့ဖူးဘူး။
သေချာတာပေါ့။အခုဆို ခင်ဗျားလေးအတွက် ကဗျာတွေ ၊ စာတွေတောင်ဖွဲ့တတ်နေပြီလေ။

အမှန်တရားကိုပြောပြပါဆို ကျွန်တော်ဆိုတဲ့ကောင်ကလေ သိသိသာသာပြောင်းလဲလာတာဗျ။ ကောင်လေးတစ်ယောက်နဲ့ မိုးရေတွေ စိုစိုထဲမှာတွေ့ဖူးခဲ့တဲ့ အချိန်ကနေပဲ။
သူနဲ့တစ်ကျောင်းထဲဖြစ်နေလို့အပျော်လွန်ခဲ့ရတာလည်းရှိဖူးပါတယ်။
သူလေးကို အရမ်းချစ်နေမိပြီဗျာ။
သူလေးက Min ငယ်~~
လို့ကျွန်တော်အမြဲခိုးခိုးခေါ်နေခဲ့ရတဲ့ နာမ်စားလေးပိုင်ရှင်ဖြစ်တဲ့
Park Jimin

Min ငယ် သိလား
ကိုယ်အဖြစ်ကလေ ''ချစ်တယ် ''ဆိုတဲ့စကားလေးကို ပြောမထွက်တဲ့ လူတစ်ယောက်ဖြစ်နေပါရော့လား။

သီချင်းတွေထဲကလေ 8 letters သီချင်းထဲကစားသားတွေက ကိုယ့်အဖို့ ကိုယ်နဲ့သိပ်တူတယ်လို့ထင်မိတယ်။
အထူးသဖြင့်ဒီစာသားလေးတွေလေ

I said those word before
but it was a lie.
မောင်ထိုစကားတွေကို လူတွေကို ပြောဖူးပေမယ့် အဲ့တာတွေက အလိမ်အညာ တစ်ခုပါ။

And you deserve to hear it with a thousand times.
ပြီးတော့ Minငယ်က အဲ့ဒီ့စကားလုံးတွေကိုကြားဖို့ အကြိမ်တစ်သောင်းမကထိုက်တန်ပါတယ်။

If all is Eight Letters why it is so hard too say.
အဲ့တာလေးက စာလုံးရှစ်လုံးလေးပဲ ရှိတာကို ဘာလို့ ပြောထွက်ဖို့ ခက်ခဲနေတာလဲ။

If all is eight letters why I'm my in my own way.
အဲ့တာလေးကစာလုံးရှစ်လုံးလေးပဲ ရှိတာကိုဘာလို့မောင်တွေဝေနေမိတာလဲ Min ငယ် ရယ်။

ချစ်သူတွေဖြစ်သွားတဲ့ အချိန်ရောက်မှ မောင်
Min ငယ်ကို ရင်ခွင်ထဲထည့်ပြီး အဲ့ဒီစာသားလေးတွေကို မောင်ဆိုပြချင်ပါသေးတယ်ကွယ်။
ပျင်းနေတဲ့ကြားက Upလိုက်ပါပြီ။
အဖီးတစ်လိုင်းပေါ့ ဟဲဟဲ
ပူတာလေ နေမင်းကြီးကို ထမီနဲ့သွားအုပ်ပစ်လိုက်ချင်တဲ့ အထိ ပူတာပါစင့်
မီးကလည်းသေနေတာမို့ ပါ
ဒါဒါ တို့အားလေးစားလျက်
ရေရှား၊ မီးရှား၊ အကုန်ရှားနိုင်ငံ မှ SUE

ချစ်ခဲ့ပါတယ် မောင်ရယ်Where stories live. Discover now