Part-3

2.1K 220 20
                                    

(Unicode)

Jeon စံအိမ်တော်တွင် အပြင်အဆင်တွေက ခမ်းနားနေလေပြီ။
မင်္ဂလာပွဲအတွက် Designer Dress တွေဟာလည်းအများအပြားရှိနေလေပြီ။

Comi အတွက်သီးသန့်အခန်းပါပြင်ဆင်ပေးထားသည်။
မျိုးရိုးထုံးစံအရ Jeon စံအိမ်သည်
သတို့သမီးတိုင်းကို လက်မထပ်ခင် တစ်ပတ်ကြိုကာအိမ်ကိုခေါ်ထားသည်။
အခန်းသီးသန့်ပြင်ဆင်ပေးကာ ထိုအခန်းမှအပြင်လုံးဝပေးမထွက်တော့ချေ။မိဘတွေနဲ့လည်းပေးမတွေ့ကြတော့ချေ။
တော်ဝင်မျိုးနွယ်ဖြစ်တာကြောင့် သားဖြစ်သူ၏ဇနီးလောင်းကိုတစ်ခြားမသက်ဆိုင်သူတွေမမြင်အောင်ဖွက်ထားသည့် သဘောမျိူးပင်။

"သမီး Comi ဒီဝတ်စုံလေးအဆင်ပြေလားတစ်ချက်ကြည့်ပါအုံးကွယ်"

Mrs.Jeon ယူဆောင်လာသည့် အဖြူရောင်မင်္ဂလာဝတ်စုံကိုကြည့်ကာ Comi မျက်နှာတစ်ချက်ပျက်သွား၏။
သူဖြစ်ချင်တဲ့ဆန္ဒကိုဘယ်လိုမှထုတ်ဖော်ပြခွင့်မရခဲ့။

"ဒီဝတ်စုံလေးဝတ်ပြပါအုံး။မေမေကြည့်ချင်လို့"

Comi တစ်ယောက် Mrs.Jeon ရွေးပေးသည့် ဝတ်စံကိုယူကာအဝတ်အစားလဲခန်းထဲဝင်သွားသည်။သူ့အနောက်ကအခြွေအရံတွေလည်း ကူဝတ်ပေးဖို့လိုက်ပါသွားလေသည်။

မှန်ရှေ့ရပ်ကာကြည့်နေမိစဲ။ဒီဝတ်စုံကို
တစ်ယောက်သောသူရှေ့မှာသာဝတ်ဆင်ချင်မိသည်။

John ကိုသာချစ်သည်။ထိုစကားသံကိုသာဟစ်ကြွေးချင်မိတော့သည်။

Comi ဝတ်စုံလဲကာထွက်လာသည်။

"အမလေး။လှလိုက်တာသမီးလေးရယ်။ Jungkook တော့ကြွေသွားတော့မှာ"

အပြုံးမမည်သောဟန်ဆောင်ပြုံးလေသညဖန်တီးဖြစ်သည်။

Jungkook ကြွေတာမကြွေတာစိတ်မဝင်စားခဲ့ပါ။
John မြင်ရင်ဘယ်လောက်ထိ အံ့သြနေလိမ့်မလဲသာသိချင်သည်။

"ဝတ်ရတာအဆင်ပြေတယ်မလား"

"ပြေပါတယ် အန်တီ"

"အိုကွယ်..ဘယ့်နှယ့်အန်တီတုန်း။မေမေလို့ခေါ်လို့ရနေပြီကို"

"ဒါပေမဲ့"

"ခေါ်လိုက်ပါ။မကြာခင်မေမေဖြစ်လာမှာပဲ"

Tae&Kook (Short Story)CompletedTempat cerita menjadi hidup. Temukan sekarang