(Uni Code)
Warning ⚠️(+အခန်းများအား Social media များအပေါ်Ssရိုက်တင်ခြင်းများမပြုလုပ်ကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။)
မြတ်မင်းခုံတစ်လုံးပေါ်တွင်ကြိုးတုပ်ခံထားရပြီးမျက်လုံးတွေကလဲပုဝါတစ်ထည်နဲ့စည်းနှောင်ခံထားရတယ်ရုန်းကလွန်းလို့ကြိုးတွေလက်ထဲမြုပ်နေပြီအသံမျိုးစုံထွက်အားအော်ဟစ်အကူအညီတောင်းသော်လဲပြန်ဖြေသံတစ်စုံတစ်ရာမကြားရမဟုတ်မှသူ့ကိုဖမ်းပြီးတောထဲမှာတုံးတိုက်တိုက်ကျားကိုက်ကိုက်ပစ်ထားခဲ့ကြတာများလား
'လား'ပေါင်းများစွာဖြင့်ကိုယ့်ကိုယ်ကိုမေးခွန်းပြန်ထုတ်နေရင်းမှခြေသံကြားလိုက်ရသည်။ခြေသံတွေကပဲ့တင်ထပ်နေသည့်အသံဒါကသူတောထဲရောက်နေတာမဟုတ်ဘူးဆိုသည့်အဓိပ္ပါယ်ဒါဆိုသူဘယ်ရောက်နေခဲ့တာလဲ
ခြေသံတွေကလဲနီးသည်ထက်နီးလာသည်။
တစ်လှမ်း
နှစ်လှမ်း
သုံးလှမ်း
လေးလှမ်း
ငါးလှမ်း…ငါးလှမ်းမြောက်တွင်ခြေသံမှာတိခနဲရပ်သွားသည်။ထိုစဉ်သူ့လည်ပင်းကိုလာထိသောလက်တစ်စုံလည်ပင်းကိုလက်ချောင်းရှည်များဖြင်နူးညံ့စွာပွတ်သပ်နေသည်။
ဆစ်ခနဲနာကျင်မှုတစ်ခုကိုခံစားလိုက်ရပြီးနောက်သူ့ကိုယ်ထဲသို့ဆေးရည်တစ်မျိုးဝင်ရောက်လာသည်ကိုခံစားလိုက်ရသည်။ထိုလူကလည်ပင်းအားထပ်မံပြန်လည်ပွတ်သပ်နေရင်းနှာခေါင်းဖြင့်လည်ပင်းအားတရှုံ့ရှုံ့နမ်းရှိုက်နေသည်။
ထိုမှတစ်ဆင့်မြတ်မင်း၏နားရွက်နားကပ်ကာတီးတိုးစကားပြောနေသည်…
"သိက္ခာခင်ဗျားကြီးကကျွန်တော့်အပိုင်"
အမျိုးသားတစ်ဦး၏အသံဖြစ်ကာရင်းနှီးနေသည့်အသံတစ်ခု၊ထိုအသံကိုသူသေချာကြားဖူးပါသည်။သို့သော်ဘယ်မှာကြားဖူးသည်ကိုပင်မမှတ်မိ
မြတ်မင်းတွင်ရုန်းကန်ရန်အင်အားမရှိ၊ခန္ဓာကိုယ်မှာလဲထူးဆန်းကာကာမရိုးမရွဖြစ်လာနေပြီးထိုလူ၏နမ်းရှုံ့မှုများကြားတစ်ချက်တစ်ချက်ညည်းညူသံထွက်လာသေးသည်။
လည်ပင်းမှတစ်ဆင့်အောက်သို့ဆင်းကာသူ၏ရင်ဘတ်အားပွတ်သပ်ရင်းမှအင်္ကျီကြယ်သီးများအားတစ်လုံးချင်းဖြုတ်နေပြီးရင်ဘတ်များအားဖြည်းညှင်းစွာပွတ်သပ်နေသည်။ထို့နောက်မြတ်မင်း၏ပေါင်ပေါ်ခွထိုင်ကာနှုတ်ခမ်းများအားပူးကပ်လိုက်သည့်အခါမြတ်မင်းအသိပြန်ဝင်လာကာရုန်းလိုက်ပါသည်။
YOU ARE READING
အတ္တများ၏အလွန် (Completed)
Lãng mạnသူ၊ ကျွန်တော့် ချစ်ရသူ၊ အဲ့ဒီလူနဲ့အတူရှိချင်တယ် Start Date-12.12.2022 End Date-26.5.2023