(Uni Code)
မြတ်မင်းသိက္ခာတစ်ရေးနိုးလာ၏။နာရီကိုလှမ်းကြည့်လိုက်တော့မနက်၄နာရီပင်ထိုးနေချေပြီဘေးဘက်သို့ဝေ့ဝဲကြည့်လိုက်တော့အလင်္ကာ့အားတွေ့လိုက်ရသည်တော်ကိုနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေသဖြင့်မျက်ခွံလေးများကမို့တက်နေကာ ပါးမို့မို့လေးနှစ်ဖက်ကအအေးဒဏ်ကြောင့်နီမြန်းနေသည်။အထူးသဖြင့်ဒီနှုတ်ခမ်းလေးအဲ့ဒီနှုတ်ခမ်းလေးကနီစွေးနေသည်မှာစတော်ဘယ်ရီသီး ကလေးကဲ့သို့ပင်။ ထိုစတော်ဘယ်ရီသီးလေးအားကိုက်လိုက်ရရင်ဖြင့်မည်မျှနူးညံ့နေမည်နည်း။
*ပြွတ်*
အတွေးထပ်ပိုမြန်သောမိမိခန္ဓာသည်အလင်္ကာ၏နှုတ်ခမ်းပေါ်သို့သူ့နှုတ်ခမ်းဖြင့်ဖိကပ်နမ်းရှိုက်မိနေသည်။သူ၏စိတ်အစဉ်တို့အားပြန်ကပ်မိတော့ထိုကောင်လေးမှာလူးလွန့်နေပြီသူလဲလန့်ဖြပ်ကာနှုတ်ခမ်းနှစ်ခုအားခွာလိုက်လေတော့ကောင်လေးကတစ်ဖက်သို့စောင်းအိပ်သွားသည်။
မြတ်မင်းသိက္ခာတစ်ယောက်ကိုယ့်နှုတ်ခမ်းအားပြန်ထိကြည့်ကာကြောင်အ နေပြီးဆယ်မိနစ်ခန့်ကြာသောအချိန်၌အသိပြန်ဝင်လာ၍စောင်အားခေါင်းမြှီးခြုံကာအိပ်ပျော်သွားလေတော့သည်။
••••••••••
မြတ်မင်းသိက္ခာအိပ်ရာကနိုးတော့အလင်္ကာကသူ့ကုတင်ဘေးရှိကုလားထိုင်ပေါ်၌စာဖတ်ရင်းထိုင်နေသည်။သူကုတင် ပေါ်မှထသွားပြီးအလင်္ကာ့အနားသွားထိုင်လိုက်တော့သူ့အားတစ်ချက်ကြည့်ကာဖတ်လက်စ စာအုပ်အားဆက်လက်ဖတ်နေသည်။
"ခွီး"
"ဘာရီတာလဲခင်းဗျားက"
"မင်းစာအုပ်ကပြောင်းပြန်ကြီး"
"ဟမ်"
သူကြည့်လိုက်တော့အမှန်ပင်စာအုပ်ကပြောင်းပြန်ကြီး
"အဲ့တာဘာ...ဘာဖြစ်လဲကျွန်တော်ဖာသာဘာလုပ်လုပ်ပေါ့"
"အော်အေးမင်းကတော်တော် တော်တယ်နော်စာအုပ်ပြောင်းပြန်ကြီးကိုတောင်ဖတ်နိုင်တာနည်းတဲ့စကေးတော့မဟုတ်ဘူး"
"ခင်ဗျားကြီး"
မြတ်မင်းသိက္ခာအားအော်ကာစာအုပ်ဖြင့်ထုလေသည်။သိက္ခာထွက်ပြေးတော့သူ့ဘေး၌ရှိသောစာအုပ်အထူကြီးတစ်အုပ်အားယူကာပစ်ပေါက်သည်။ဘေးနားမှာရှိသောတိုလီမုတ်စများနှင့်လဲတစ်ခုမကျန်ပစ်ပေါက်နေ၍သိက္ခာမှာမနည်းလွတ်အောင်ရှောင်နေရသည်။
YOU ARE READING
အတ္တများ၏အလွန် (Completed)
Romanceသူ၊ ကျွန်တော့် ချစ်ရသူ၊ အဲ့ဒီလူနဲ့အတူရှိချင်တယ် Start Date-12.12.2022 End Date-26.5.2023