Transition
အိမ်ပြန်ရောက်တော့ သန်းခေါင်ကျော်နေပြီဖြစ်သည်
လီဝေ့နဲ့သူ့ကောင်မလေးတို့နဲ့လွဲသွားတာကြောင့် အိမ်ကို တစ်ယောက်တည်း လမ်းလျှောက်ပြန်ခဲ့ရသည် ဧည့်ခန်းဘေးမှာ ကန့်ထားတဲ့ ကိုယ်ပိုင်အခန်းထဲ ယိုင်တိုင်တိုင်နဲ့ဝင်သွားသည် အရမ်းမောနေပြီ ဘာကိုမှထပ်မတွေးချင်တော့ဘူး အိပ်ပြီး အားလုံးကို မေ့လိုက်ချင်ပြီ အဖျားငွေ့ငွေ့တက်နေသလိုဖြစ်နေတာသိပေမဲ့ မသိချင်ယောင်ဆောင်ကာ အိပ်ယာပေါ်မှောက်ချ လိုက်သည်
နှလုံးသားရဲ့တစ်ထောင့်တစ်နားကတော့ မျှော်လင့်ချက်တို့ အားငယ်နေသည် Keithက ငါ့ကိုမိန်းကလေးတစ်ယောက်လို့ အထင်မှားခဲ့တာ ဒါကြောင့် သူငါ့ကိုကယ်ခဲ့၊ နမ်းခဲ့၊ ပွေ့ဖက်ခဲ့တာ
သူ ရွံမုန်းသွားမယ်လို့ မထင်ခဲ့ဘူး
သက်ပြင်းတစ်ခုက ပါးစပ်ကနေ ထွက်ပေါ်လာခဲ့တယ် ရုတ်တရက် သူ ငါ့ဖယ်ရိုမုန်းကို စစ်ကြည့်နေတာ သတိရသွားသည်ဘီတာဖြစ်တာကြောင့်များ စိတ်ပျက်သွားတာလား ငါသာအိုမီဂါဆို တစ်ခုခုပြောင်းလဲသွားမှာလား ယောကျာ်းတစ်ယောက်မို့ ဘာဖြစ်ဖြစ်မထူးဘူးမလား အိုမီဂါဆိုရင်တောင်မှပဲမလား
အခုအဖြေရှာဖို့က မလွယ်ကူပေ။ ငါကဘီတာ,ယောက်ျားတစ်ယောက် ပြီးတော့ သူကငါ့ကိုရွံနေတယ်
အဲ့လိုနဲ့ပဲ မျက်လုံးမှိတ်ပြီး ရေမချိုးဘဲ အိပ်ပျော်သွားသည် သေမတတ်ပင်ပန်းနေပြီ ငါအလိုချင်ဆုံးက နိုးလာတဲ့အခါ ဒီနေ့ဖြစ်ခဲ့သမျှ အားလုံးကိုမေ့သွားတာကိုပဲဒီပေါ့ပေါ့တန်တန်ဆုံးဖြတ်ချက်က ငါ့တစ်ဘဝလုံးကိုပြောင်းလဲပစ်လိုက်သည် အဲ့ညက နီးရာဆေးဆိုင်ကိုသွားပြီး ယာယီဖယ်ရိုမုန်းတားဆေးဝယ်ခဲ့လိုက်သင့်တာ အနည်းဆုံး ငါ့ကိုယ်မှာကပ်နေခဲ့တဲ့ သူ့ဖယ်ရိုမုန်းတွေကိုဖယ်ဖို့ ခန္ဓာကိုယ်ကိုဆေးကြောလိုက်သင့်တာ
ငါသာတစ်ခုခုလုပ်ခဲ့မိရင် ငါ့ကိုယ်အနှံ့ကပ်နေတဲ့ သူ့ဖယ်ရိုမုန်းတွေက ငါ့အရေပြားထဲ စိမ့်ဝင်ပြီး အသက်ရှုလမ်းကြောင်းထဲဝင်သွားမှာမဟုတ်ဘူး အဲ့လိုသာဆို ငါ့ခန္ဓာကိုယ်လဲ ပြောင်းလဲသွားပြီး အိုမီဂါတစ်ယောက်ဖြစ်သွားလိမ့်မှာမဟုတ်ဘူး အဖျားကြီးပြီး နှစ်ရက်လောက်ကြာပြီးမှ မျက်လုံးဖွင့်နိုင်တဲ့အချိန်မှာ ပြောင်းလဲသွားခဲ့ပြီ
YOU ARE READING
နမ်းပါအုံးလူလိမ်လေး [mmtranslation]
RomanceEnglish Title: Kiss me,Liar "ငါက ယောကျာ်းတွေနဲ့မအိပ်ဘူး ဒါပေမဲ့ ယွန်ဝူးကိုတော့ ထည့်မတွက်နဲ့ Keith Knight Pittman.ငါ့ဘဝကိုအမျိုးမျိုးဖြစ်စေခဲ့တဲ့လူ ဒါပေမဲ့ ငါ့ကိုနည်းနည်းလေးမှဂရုမစိုက်ဘူး ငါကအဲ့လိုလူရဲ့အတွင်းရေးမှူးတစ်ယောက် ။ တစ်နေ့ or*y partyကိုသူ...