once again
အေးစက်ပေမဲ့နူးညံ့တဲ့အထိက ငါ့နှုတ်ခမ်းတွေကိုလာထိတွေ့သည်။ ပြန်မခွာသွားခင်အထိ ငါ့နှုတ်ခမ်းတွေဆီကို ညင်သာစွာဖိကပ်ထားသည်။ မရှိတော့တဲ့ခံစားမှုကို သတိမထားမိခင်ပဲ သူ့လျှာက အလိုအလျောက်ဟနေမိတဲ့ ငါ့ပါးစပ်ထဲကိုတိုးဝင်လာသည်။
သူ့ရဲ့စိုစွတ်တဲ့လျှာက ငါ့သွားတွေကိုဟသွားစေပြီး ငါ့လျှာကိုပွတ်တိုက်သွားသည် ။ အလန့်တကြားငါ့လျှာကိုပြန်ဆွဲလိုက်မိသည် ။ ခနလေးထိတွေ့မိလိုက်တဲ့စိုစွတ်တဲ့ခံစားမှုလေးက ငါ့လျှာဖျားလေးကို လွှမ်းမိုးထားသည်။ သူလျှာကချက်ချင်းပဲ ငါ့နောက်ကိုလိုက်ခဲ့ပြီး ငါ့ရဲ့တွန့်ဆုတ်မှုတွေကို စုပ်ယူပစ်လိုက်သည်။ ငါတို့လျှာတွေ ရစ်ပတ်သွားကြပြီ။
.!
မျက်လုံးကို တင်းတင်းစုံမှိတ်လိုက်ပြီး လေတွေကိုတောင်အလျင်စလိုမျိုချမိသည်။ Keithက ငါ့အောက်ဖက်နှုတ်ခမ်းကို တတိတိကိုက်ဝါးနေတာကြောင့် နှုတ်ခမ်းချင်းစုပ်ယူနေတဲ့အသံတိုးတိုးလေးကိုတောင်ငါကြားနေရသည်။ ငါမတ်မတ်တောင်မရပ်နိုင်တော့သလောက်ပဲ ပြီးတော့ သူကငါ့ခန္ဓာကိုယ်ပေါ် လက်ချောင်းလေးတောင်မတင်ထားဘူး။ အချင်းချင်းထိတွေ့မိနေတာက ငါတို့နှုတ်ခမ်းတွေပဲ။ ဒီလိုဆိုရင်တောင် ငါ့တစ်ကိုယ်လုံးက လောင်ကျွမ်းနေသလိုခံစားနေရသည်။
ငါသာနံရံကိုမမှီထားမိခဲ့ရင် ချက်ချင်းလဲကျသွားလောက်သည်။ တစ်ကိုယ်လုံးကို နံရံဆီထောက်ကန်ထားရင်း သူ့ကိုအငမ်းမရပြန်နမ်းရှိုက်နေမိသည်။ ငါတို့နှုတ်ခမ်းတွေက ထိတွေ့သွားပြီး တစ်ဖန်ပြန်ကွဲကွာသွားကြပြန်သည်။ သူ့လျှာထွက်ကျလာပြီး ငါကလဲ သူ့နောက်ကိုလိုက်ဖမ်းမိနေသည်။ ကိစ့်က လျှာကို သူ့သွားတွေနောက်ကိုပြန်ဖွက်ထားပြီးနောက် ငါတို့နှုတ်ခမ်းတွေက ခွာမရအောင်ကို ပြန်ကပ်သွားကြပြန်သည်။
ငါ့ပါးစပ်ထဲက သွားရည်တွေက လည်ပင်းပေါ်ထိစီးကျသွားသည် ။ အသက်ရှုမဝဖြစ်လာတော့သည်။
ဟာ့,ဟာ့
အာခေါင်နဲ့အသက်ကိုပုံမှန်ဖြစ်အောင်ရှုသွင်းရသည်။ ငါတို့အသက်ရှုသံတွေက ရှုပ်ထွေးကာ ရောယှက်သွားကြသည်။ ဘယ်က သူ့အသက်ရှုသံလဲ ဘယ်ဟာက ငါ့ကိုယ်ပိုင်ဟာလဲ မပြောပြတတ်တော့ဘူး။ သူ့နှုတ်ခမ်းတွေက ငါကိုပိတ်ဆို့ထားထားပြီး ငါ့ပါးစပ်ထဲထိ အတင်းထိုးဖောက်တော့မတတ် ကြမ်းတမ်းစွာပွတ်တိုက်လာပြန်သည် ။ Keithက ငါ့ကို ဝါးမြိုဖို့လုပ်နေသလိုမျိုးခံစားရသည်။ ငါကြောက်မိတယ် ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ငါ့ကိုစိတ်ပါလာစေသည်။
VOUS LISEZ
နမ်းပါအုံးလူလိမ်လေး [mmtranslation]
Roman d'amourEnglish Title: Kiss me,Liar "ငါက ယောကျာ်းတွေနဲ့မအိပ်ဘူး ဒါပေမဲ့ ယွန်ဝူးကိုတော့ ထည့်မတွက်နဲ့ Keith Knight Pittman.ငါ့ဘဝကိုအမျိုးမျိုးဖြစ်စေခဲ့တဲ့လူ ဒါပေမဲ့ ငါ့ကိုနည်းနည်းလေးမှဂရုမစိုက်ဘူး ငါကအဲ့လိုလူရဲ့အတွင်းရေးမှူးတစ်ယောက် ။ တစ်နေ့ or*y partyကိုသူ...