Unicode
~~~~~~~" Naoh ဒီနေ့အလုပ်မသွားဘူးလား.. "
ခုတင်ပေါ်မှာ အပေါ်ပိုင်းကိုဖော်ထားပြီး အောက်ပိုင်းကိုသာစောင်ဖြင့်အုပ်ကာ အိပ်နေသော ကောင်လေးကို Leo မေးလိုက်သည်
" မရှိပါဘူး မနေ့ကပဲ သတင်းစာအဖုံးလုပ်ဖို့ ဓာတ်ပုံရိုက်ပြီးပြီး.."
Naoh ပြုံးရင်ဖြေလိုက်ကာ ခုတင်ပေါ်ကထထိုင်လိုက်သည် စောင်လေးက အောက်ကိုလျော်ကျလာကာ ဘယ်နေရာမှာရပ်လို့ ရပ်သွားမှန်မသိသလို ဘယ်နေရာပေါ်လို့ ပေါ်နေလဲ ဘယ်သူမှစိတ်မဝင်စားပေ၊ Leo Naoh ရဲ့ ခန္ဓာကိုယ်လေးကိုခဏကြည့်လိုက်ပြီး မျက်နှာကိုလွဲလိုက်သည် သူအမှားလုပ်ခဲ့တယ်လို့ ခံစားနေရတာကြောင့်ဖြစ်သည်။..
" ကျွန်တော်ကို ပျင်းသွားပြီးလား.. "
Leo အနည်းငယ်ပြုံးလိုက်ပြီး မျက်နှာမလွဲတော့ပဲ ခုတင်ပေါ်ကကောင်လေးကိုကြည့်လာတော့ စောင်လေးက ခုနာကနဲ့မတူပဲ အောက်ပိုင်းတစ်ခုလုံးကိုလုံလုံခြုံခြုံဖုံးထားတာမို့ အနည်းငယ်စိတ်သက်သာသွားသည်။..
" မဟုတ်ပါဘူး.. "
" မဟုတ္ဘူးဆို ဘာလို့ တစ်ခြားဘက်ကိုမျက်နှာလွဲသွားတာလဲ ကျွန်တော်ခန္ဓာကိ်ုယ်ကလည်းမကြည့်ကောင်းတဲ့အထဲမပါပါဘူး."
" Naoh က မော်ဒယ်လေး Naoh ရဲ့ ခန္ဓာကိုယ်ကကြည့်ကောင်းပါတယ်.. "
" ကျွန်တော်ကို အရွဲ ့တိုက်နေသလိုပဲ.. "
" ကိုယ် Naoh ကို ဘာလို့ အရွဲ ့တိုက်ရမှာလဲ.. "
" အကို Leo သိတာပဲ ဘာလို့လည်းဆိုတာ.. "
Leo မိမိအရှေ့က တစ်ချိန်ကအရမ်းချစ်ခဲ့ရတဲ့ကောင်လေးကို ကြည့်လိုက်သည် Naoh က မော်ဒယ်ဆိုပေမဲ့ နာမည်အရမ်းကြီးတာတော့မဟုတ်ပေ ခန္ဓာကိ်ုယ်ကိုပြသရတဲ့ မော်ဒယ်တွေထဲမှာ Naoh ရဲ့ နာမည်ကမပါမဖြစ်ပဲ Leo ရဲ့ ဝန်းထုတ်ဝန်းပိုဖြစ်နေတဲ့ အလုပ်တွေများကြားကနေ လွတ်လပ်ချင်းလို့ ဘားတစ္ခုကိုသြားကာ ထွက်ပေါက်ရှာခဲ့သည် အဲ့ဒါကလည် Naoh နဲ့ ပထမဦးဆုံးတွေ့တဲ့နေရာလေဖြစ်သည်။..
အစကေတာ့ သူတို့ဆက်ဆံရေးက အခုလောက်ထိမဟုတ်ပဲ စိတ်ပြေလက်ပျောက်ဖြစ်ရုံလောက်တာဖြစ်ပြီး နောက်မှ Naoh ဘက်ကအရင်ဆက်သွယ်လာကာ သူတို်ရဲ့ဆက်ဆံရေးကို ဆက်သွားချင်းတယ်လို့ ပြောခဲ့သည်..
YOU ARE READING
Fire Love
FanfictionUnicode ~~~~~~ ပထမဦးဆုံး OC Fic မို့လို့ အမှားများပါရှိခဲ့လျှင် နားမလည်တာတွေ ထောက်နေတာတွေရှိရင်လည်း ခွင့်လွှတ်ပေးပါ။ Zawgyi ~~~~~ ပထမဦးဆုံး OC Fic မို့လို့ အမှားများပါရှိခဲ့လျှင် နားမလည်တာတွေ ထောက်နေတာတွေရှိရင်လည်း ခွင့်လွှတ်ပေးပါ။ OC Yaoi Drama