Fire Love { 3 }

93 5 0
                                    

Unicode
~~~~~~~

" Lucas မင်း ဘယ်သွားမလို့လဲ.. "

Lucas ပြုံးပြုံးရွှင်ရွှင်နဲ့လမ်းလျှောက်သွားနေတဲ့နှစ်ယောက်စီကိုလျှောက်သွားဖို့ပြင်လိိုက်ချိန် James က လန်းတားသည်..

" ငါမြင်သလို မင်းမြင်လိုက်တယ်မဟုတ်လား James.."

Lucas Leo တို့ဘက်ကို ပြန်လှည့်လာကာ အကို Leo ဘေးက အသက်ငယ်ငယ်နဲ့ကောင်လေးကိုကြည့်လိုက်သည် ဒါက အကိုရဲ့အသက်ငယ်တဲ့ဧည့်သည်လား..

" မင်း အကို Leo နောက်လိုက်သွားမလို့လား.. "

James အမေးကိုခေါင်းညှိပ်ပြီးဖြေရုံသာဖြေပြီး ဦးတည်ရာကိုအလျှင်အမြန်လျှောက်သွားလိုက်သည် James လည်း သူငယ်ချင်းအနောက်ကိုအပြေးလိုက်သွားပေမဲ့ မမှီလိုက်ပေ Lucas က Leo လက်ကိုဆွဲထားနေပြီးဖြစ်သည်...

" Lucas စိတ်အေးအေးထားပါဦး ငါတို့ကုန်တိုက်မှာရောက်နေတာနော်.."

James သူငယ်ချင်းရဲ့လက်ကိုဆွဲလိုက်ပေမဲ့ Lucas က အကြည့်ဖြင့် လွတ်ဖို့ပြောပြီး Leo တို့ဘက်ကိုပြန်လှည့်လာသည်..

" Lucas ကိုယ်ကိုလွှတ် လူတွေကြည့်နေမယ်.."

Lucas လက်ကိုဆွဲဖြုတ်ကာ ဘေးနာက ဘာမှနားမလည်စွာ သူတို့ရဲ့အဖြစ်အပျက်ကိုကြည့်နေသော Naoh ဘက်လှည့်ပြီး..

" ဘယ်သူမှမဟုတ်ပါဘူး အလုပ်ကညီလေးပါ.. "

Leo ရဲ့ အဖြေစကားကြောင့် Lucas အံသြသွားမိတယ် ဘာကြောင့် အကိုက ဒီလိုမျိုးပြောထွက်ရက်တာလဲ သူနှလုံးသားလေးကိုနည်းနည်းမှသနားမိဘူးထင်တယ်..

" အကိုအလုပ္က လူတွေကလည်း ဆက်ဆံရေးကြမ်းလိုက်တာနော်.."

Naoh လည်းပြောပြီး Lucas အကြည့်ကိုမရှောင်ပဲ သူကြည့်ကိ်ုယ်ကြည့်အပြိုင်ကြည့်နေကြသည်..

" ငါအကို Leo အလုပ္က ဝန်ထမ်းမဟုတ်ဘူး.. "

Lucas အသံမာမာနဲ့ပြောလာတာမို့ ထိုအသံမျိုးကို Leo မုန်းသည်...

" ဘာပြောချင်းလဲ နောက်မှပြောတာပေါ့ Lucas ရုပ်ရှင်ပြတော့မယ် ကိုယ်သွားရတော့မယ်.."

Leo ပြောပြီး ဘေးက Naoh ကိုခေါ်ကာ ရုပ်ရှင်ကြည့်ရန်အလျှင်အမြန်ထွက်သွားရန်ပြင်နေသည်..

Fire LoveWhere stories live. Discover now