ဇာတ်သိမ်းပိုင်း

889 37 3
                                    

Unicode

" ဒီတစ်ကြိမ်ဒီနွေ "(5)

ဇာတ်သိမ်းပိုင်း

🎶နှစ်သစ်မင်္ဂလာ အတာရေသဘင်ပွဲမှာ
ချစ်ချစ်ခင်စရာ
ကြင်သူကိုကိုယ်လေလိုက်ရှာ
ဟောတွေ့ပြီဗျ ဖလားလေးနဲ့သူရေကစားတာ နှုတ်ခမ်းလေးနဲ့သာ မခို့တရို့သိနှင့်တာ
တန်ခူးလသင်္ကြန်မှာ ပျိုမဒီတွေတကယ်ချောတာ ဖျန်းပက်ချင်တာ
ကြင်သူရေမငိုပါနဲ့ကွာ
သိကြားမျိုးကိုသာသွားလို့ဖြင့်တိုင်ကာပြောမှာ ပိတောက်တစ်ခက်နဲ့ ချစ်ပန်းလေးမို့ မငြင်းသင့်ပါ 🎶

" ဒီခနွေရဲ့နှလုံးသားထဲမှာနေတော့မလို့ "

ဘာလဲဟ လာနောက်နေတာလား
ရည်းစားစကားပြောနေတာလား
မဏ္ဍပ်ကဆိုနေတဲ့သီချင်းသံကြောင့်ရော သေ
ချာမကြားမိလိုက်သဖြင့် ဘာလဲဟုထပ်မေးမိတော့ " ဒီခနွေရဲ့နှလုံးသားထဲမှာနေတော့မလို့ "တဲ့လေ

" မဟုတ်မှ နင်..ငါ့ကိုရီးစားစကားပြောနေတာလား ?"

" မဟုတ်ဘူး ချစ်စကားပြောနေတာ
ကြားလား...မငြင်းသင့်ပါတဲ့ပြောနေတယ်
ကျွန်တော့်အချစ်ကိုငြင်းရင် သိကြားမင်းနဲ့သွားတိုင်မှာနော် "

ကျွန်တော့်အဖြေနဲ့စကားကြောင့် မမကမျက်စောင်းထိုးတယ်။
သိပ်ကိုလှတဲ့မျက်စောင်းလေးပေါ့

" ဒါကြောင့် ဒီလိုတွေလုပ်ရအောင်
ကလေးတွေနဲ့လက်ဝါးရိုက်ပြီး ငါ့ကိုညာခေါ်လာတာပေါ့လေ
မလိမ့်တပတ်ကောင် "

အရေးထဲမဏ္ဍပ်မှာဆိုနေတဲ့သီချင်းက သူမတို့အခြေအနေနဲ့ကွက်တိလိုက်ဖက်နေသေး
ကလေးတွေကပါလိုက်ဆိုနေကြတာလေ

" အာ..ကလေးတွေက
သူတို့တကယ် ရေပက်ခံထွက်ချင်တာပါ
ကျွန်တော်ကအတင်းလိုက်လာတာ မမပါလို့
မမသာမပါရင် မလိုက်ပါဘူးဗျာ "

🎵မြူးကြွတဲ့တေးသံ..ပျံ့လွင့်လို့နေ
ကူးပြောင်းစတန်းခူနွေမှာ..
တစ်ယောက်တစ်လှည့်မို့လှမ်းကာ ဖျန်းပက်ကြစဉ်
ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ..
ခေါင်းကလေးမော့လို့ ပိတောက်ဖူးပွင့်တွေပန်ဆင်ထားသူရေ..🎵

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Aug 09 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

"ဒီတစ်ကြိမ်ဒီနွေ"( Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ