အပိုင်း ၂

565 25 6
                                    

Unicode

" ဒီတစ်ကြိမ်ဒီနွေ "(2)

" လေးလေး...လေးလေး...
ဒေါ်လေးက..လေးလေးရဲ့အချစ်ဦးလား?"

အိမ်ထဲရောက်သည်နှင့်စပ်စုလာပါသောတူမ
ငယ်ချစ်ဦးတဲ့
ဒီဟာလေးတော့ ကိုရီးယားကားတွေအကြည့်များပြီးအကြားအမြင်ရနေတာထင်တယ်။
သို့သော်လည်း ဒင်းကလွယ်တာမဟုတ်သဖြင့်

" ဘယ်နှယ့် ပေါက်ပေါက်ရှာရှာ
ငါ့သူငယ်ချင်းရဲ့အစ်မပါဟ
နင်ကြည့်..သူ့ပုံစံကို ငါ့ကကြိုက်စရာလား "

တူမဖြစ်သူကို ဟောက်သာနေရတယ်
အမှန်တကယ်ဆို အဲ့ဒိပုံစံကိုပဲ ကိုယ်ကကြိတ်ကြွေခဲ့သေးတာ

" အမယ်..
ဒေါ်လေးကဘာဖြစ်နေလို့လဲ
အရပ်ရှည်တယ်
လှတယ်
ကြင်နာတတ်တယ်
ပြီး ကျောင်းဆရာမ "

ကျွန်တော့်စကားကြားပြီး တူမဖြစ်သူက
မကျေမနပ်ဖြစ်နေသဖြင့် သွားတိုင်ပြောနေရင်အခက်ဟုစဉ်းစားမိလျက် တူမဖြစ်သူအား
ကပျာကယာသတိပေးရသေးသည်။

" ဟေး..အဲ့တာကိုလဲ သွားမပြောနဲ့ဦး
နင်ကလွယ်တာမဟုတ်ဘူး
အတို့အထောင် "

" ဘာလဲ ကြောက်တယ်လား
မကြိုက်ဘူးဆိုပြီး ဘာလို့ကြောက်နေတာလဲ
လေးလေးကြည့်ရတာ
ဒေါ်လေးကိုငယ်ကြောက်ဖြစ်ပုံရတယ် ဟား "

တူမဖြစ်သူကတော့ လှောင်ရယ်နေလေရဲ့
သူမပြောသလိုပင် ကြောက်တာတော့အမှန်ပဲ
ငယ်တုန်းက ကျွန်တော့်ရှေ့မှာတင်
ယောင်္ကျားလေးတစ်ယောက်ကိုလက်သီးစာကျွေးဖူးတယ်လေ
အဲ့ကတည်းက သူမကိုမြင်ရင်ဘာကိုကြောက်လို့ ကြောက်မှန်းမသိတော့ဘူး။

" လေးလေး နဲ့ ဒေါ်လေးတို့ဘယ်လိုစတွေ့ကြတာလဲဟင် ?"

" နေစမ်းပါဦး
နင်က ဘာဖြစ်နေတာတုန်း အချစ်ဦးမဟုတ်ပါဘူးဆို "

" သိပါတယ်
သမီးက ဒီတိုင်းစိတ်ဝင်စားလို့မေးတာ
ငယ်ငယ်ကဒေါ်လေးအကြောင်းသိချင်လို့လေ "

တူမဖြစ်သူရဲ့အမူမရာကိုသေချာအကဲခတ်ရသလောက်က
မမအကြောင်းအတော်လေးသိချင်နေပုံပင်
ဒီဟာလေးက လွယ်တာမဟုတ်ဘူး
သွားပြန်ပြောရင်အခက်

"ဒီတစ်ကြိမ်ဒီနွေ"( Completed)حيث تعيش القصص. اكتشف الآن