အပိုင်း ၃

467 24 0
                                    

Unicode

" ဒီတစ်ကြိမ်ဒီနွေ "(3)

< မဟာသင်္ကြန်အကြိုနေ့...၂၀၁၈ >

" ဟေး..
လမ်းမပေါ်မတက်ကြနဲ့ ယာဉ်အသွားအလာတွေသတိထားကြ "

ညနေဘက် လမ်းထိပ်မှာ ကလေးတွေရေပက်နေတာကို ထိုင်ခုံတစ်လုံးနဲ့ထိုင်ကြည့်လျက်
အော်ဟစ်နေသော မမ
ကြည့်ဦး တီရှပ်ရယ် စပန့်ဘောင်းဘီအပွနဲ့ပဲ
မမကိုမြင်လိုက်တိုင်း တီရှပ်နဲ့ရှော့ပင်
တီရှပ်နဲ့ဘောင်းဘီတို
တီရှပ်နဲ့ဘောင်းဘီရှည်
ဘောင်းဘီသာအမျိုးအစားကွဲသွားမယ်
တီရှပ်ကတော့မပြောင်းလဲဘူး။
သူမကို သင်္ကြန်ယိမ်းအဖွဲမှာသီချင်းဆိုတုန်းကလားပဲ မြန်မာဝမ်းဆက်နဲ့မြင်ဖူးတာ
အဲ့တုန်းက သူမကငုဝါရောင်အပွင့်ဝမ်းဆက်နဲ့
ပြောရရင် ယိမ်းဝတ်စုံပေါ့ဗျာ
တပင်တိုင်အကအတွက် သီချင်းဆိုပေးရတာ
ပြီးတော့ ပထမဆုရခဲ့တယ်။

" မမ..!
ခုနောက်ပိုင်း မဏ္ဍပ်တွေမှာသီချင်းမဆိုတော့ဘူးလား?"

မမအနားသို့ သွားထိုင်ဖြစ်သည်။
ထို့နောက် ဤနှယ်စကားစမိလိုက်လျှင်
မမတစ်ယောက် အဖွားကြီးလေသံဖြင်

" အင်း..
အသက်ရလာလို့လား သင်္ကြန်ဆိုတာငါနဲ့မဆိုင်တော့သလိုပဲ
ပျော်ပါးချင်စိတ်၊လည်ချင်ပတ်ချင်စိတ်တွေလည်းမရှိတော့ဘူး "

အမယ် မသိရင် သူက
အသက်လေးဆယ်ကျော်အဒေါ်ကြီးကြနေရော
ခုမှ သုံးဆယ်လားရှိသေးတာကို
လွန်ခဲ့တဲ့နှစ်တွေတုန်းက ဖလန်းဖလန်းထခဲ့တာသူမ မဟုတ်တဲ့အတိုင်း
ထိုအချိန်တုန်းကဆို မမဟာနာမည်ကြီးပဲ
မဏ္ဍပ်တွေမှာသီချင်းဆိုရင် အောက်ကလူအုပ်ကြီးက အုတ်အုတ်ကျက်ကျက်လိုက်ကကြတာ
မှတ်မိသေးတယ်
ကျွန်တော် ပထမဆုံးအကြိမ်အဖြစ် ပြည်မှာသင်္ကြန်ကျခဲ့စဉ်က
ကျွန်တော်တို့သူငယ်ချင်းတွေစု ကားငှားပြီးသင်္ကြန်လည်ကြတာလေ။
သင်္ကြန်အကျ အကြတ် အတက်
သုံးရက်လည်တာ
အကြိုနေ့တော့မပါဘူး ထိုနေ့ကလူသိပ်မစည်သေးဘူးဗျ
အကြိုနေ့ညနေဘက်မှာ မြို့သစ်ကားဂိတ်ကြီးနာက ခေတ္တရာမဏ္ဍပ်မှာ
မမကသီချင်းဆိုတာ
အဲ့တာက ခေတ္တရာမြို့သစ်ရဲ့ဗဟိုမဏ္ဍပ်ပေါ့
ကျွန်တော်ရယ်၊ သူရရယ်က ဆိုင်ကယ်ကို
ဝဏ္ဏတို့အိမ်မှာထားခဲ့ပြီး အဲ့ကနေ
လေးယောက်သားမဏ္ဍပ်ကိုခြေလျင်သွားကြတာ ဟိုရောက်တော့
ပွဲကောင်းနေပြီ
မဏ္ဍပ်မရောက်ခင် အဝေးကတည်းကကြား
နေရတာက

&quot;ဒီတစ်ကြိမ်ဒီနွေ&quot;( Completed)حيث تعيش القصص. اكتشف الآن