1

1.4K 77 0
                                    

၁၉၈၈ခုနှစ်

လူအများစုရဲ့အမြင်မှာ အကျဥ္းထောင်ဆိုတာ လူဆိုးလူမိုက်တွေ စုဝေးရာနေရာလို့ မှတ်ယူကြတယ်။

မန္တလေးမြို့ရဲ့ ညနေခင်းဟာ သိပ်ခါးသီးစရာပါပဲ။
ထောင်ခန်းအသီးသီးမှာ စုရုံးနေကြသူတွေဟာ စာသင်ခန်းထဲမှာရှိနေရမဲ့ အညွန့်တလူလူရှိနေတဲ့ လူငယ်တွေ။ သူတို့အသက်ကိုရင်းလို့ နောက်မျိုးဆက်အတွက် အနာဂတ်ကို သွေးခင်းယူနေကြသူတွေ။

"ကင်ထယ်ရယ် ခင်ဗျ ထောင်မှူးခေါ်နေပါတယ်"

ထောင်စောင့်ရဲ့ အသံအဆုံးမှာ အခန်းထဲက လူတွေရဲ့ အကြည့်က တစ်နေရာထဲကို စုရောက်လာကြတယ်။
အကောင်သေးသလောက် အဆိပ်ပြင်းတဲ့ ဒီလူကို ထောင်စောင့်မပြောနဲ့ အာဏာပိုင်တွေကိုယ်တိုင်တောင် လက်လွတ်စပယ် မထိရဲကြဘူး။
အခုခေါ်တာတောင် အပိုးကျိုး ယဥ္ကျေးနေပုံကိုကြည့်၊ သူတို့ကိုဆို ဒီလိုလေသံမှမဟုတ်ဘဲ။

"မနေ့ကိစ္စမေးဖို့ပဲဆိုရင် ခေါ်မနေပါနဲ့လား ကျွန်တော်အိပ်ရေးပျက်တယ် "

မျက်နှာချင်းဆိုင်ကလူကြီးရဲ့ မျက်ကြောတွေ ထောင်သွားရတယ်။ ​အကျအနခြေချိတ်ပြီး လက်ပိုက်ထားတဲ့ အနှီကိုရီးယားသားမှာ အကြောက်အလန့်ရောရှိရဲ့လားလို့ တွေးကြည့်မိလိုက်သေးတယ်။ သူ့လို ထောင်မှူးရဲ့ရှေ့မှာလေ။

"နိုင်ငံခြားသားဆိုပြီး ငါတို့ဘက်ကငဲ့ညှာမှာမဟုတ်တော့ဘူး ကင်ထယ်ရယ်။ သေချာလေးစဥ္းစား။ ကင်မရာရှိတဲ့နေရာသာ ထုတ်ပြောရင် ငါတို့လည်း အပူတစ်ခုအေးမယ်၊ မင်းလည်းမင်းနိုင်ငံကို ဘေးကင်းကင်းနဲ့ပြန်ခွင့်ရမယ်"

ထယ်ရယ်က ​​ကိုယ်အနည်းငယ်ကိုင်းပြီး ထောင်မှူးဆိုတဲ့လူရဲ့မျက်လုံးကို သေချာစိုက်ကြည့်တယ်။
ပါးချိုင့်ရေးရေးလောက်ပေါ်ရုံ နှုတ်ခမ်းစွန်းတစ်ဖက်မှာ အပြုံးပါးပါးချိတ်ဆွဲလိုက်သေးတယ်။

"စကားအပိုတွေ၊ ကင်မရာထုတ်မပေးလည်း ခင်ဗျားတို့ ကျွန်တော့်ကို ဘာမှမလုပ်ရဲပါဘူး"

"လူမျိုးခြားတစ်ယောက်ဖြစ်နေလို့ မင်းကို အလျှော့ပေးထားတာ၊ တရားလွန်မလာနဲ့ ကင်ထယ်ရယ်"

Romance in Mandalay  [Shentaerae]Onde histórias criam vida. Descubra agora