အမဲရောင် ကုတ်အင်္ကျီကို စိတ်မရှည်စွာဆွဲချွတ်ပြီး လက်ထဲကအိတ်နဲ့အတူ တစ်ဖက်ဆိုဖာပေါ်ပစ်တင်လိုက်ပြီးနောက် ထယ်ရယ်ကိုယ်တိုင်လည်း ဆိုဖာပေါ်ကို ပစ်မှီထိုင်ချလိုက်တယ်။
"ဟူး ပင်ပန်းလိုက်တာကွာ"
မျက်မှန်ကို ရှေ့က မှန်စာပွဲပုလေးပေါ် တင်လိုက်ပြီး တစ်ဆစ်ဆစ်ထိုးကိုက်နေတဲ့ မျက်ခုံးရိုးတွေကြား လက်ချောင်းတွေနဲ့ ဖိနှိပ်လိုက်တယ်။
"ပင်ပန်းလာတယ်မလား။ ရေလေးသောက်ပြီး ခနနေရေချိုးလိုက်ပါလား... လန်းလန်းဆန်းဆန်းဖြစ်သွားအောင်"
ရေတစ်ခွက်ကိုင်ပြီး မီးဖိုခန်းထဲကထွက်လာသူရဲ့ စကားကိုကြားတဲ့အခါ ထယ်ရဲ့မျက်နှာဟာ ချက်ချင်းမနာခံတဲ့ကလေးတစ်ယောက်လိုရှုံ့မဲ့သွားတယ်။
သူတစ်ကယ် ဆိုဖာနဲ့ကျော မခွာချင်သေးဘူး။မကြားချင်ယောင်ဆောင်ပြီး မျက်လုံးမှတ်ချသွားတဲ့ ထယ်ရယ့့်ကို လက်နှစ်ဖက်ကနေဆွဲမတော့ အလိုက်တသင့်ပါမလာဘဲ ပြန်တင်းခံနေသူကြောင့် ရစ်ခီပါချွေးပြန်ချင်လာတယ်။
သူ့ထယ်ရယ်ဟာ ဒီနောက်ပိုင်း သူ့အပေါ် အရမ်းဂျစ်တိုက်တတ်လာတယ်။ အတိတ်က ရင့့်ကျက်တဲ့ ကင်ထယ်ရယ်ဆိုတာ အစားထိုးခံလိုက်ရသလားလို့ ထင်မိသည်အထိ။
"မဆိုးနဲ့ဗျာ...ထ...ချွေးနံ့တွေမွှန်ထူနေတာကို"
ဒီတော့မှ ရစ်ခီ့လက်တွေကို ချက်ချင်းဖြုတ်ချပြီး ကောက်ခနထကာ အခန်းထဲဝင်သွားတဲ့သူ။
ေချွးနံ့နံတယ်ေြပာရင် မြကိုက်တတ်သူက အခန်းထဲမရောက်ခင် မျက်စောင်းလှည့်ထိုးဖြစ်အောင် ထိုးသွားတာကြောင့် ရစ်ခီ့မျက်နှာ အပြုံးနုနုလေးတစ်ခုက နေရာယူလို့လာတယ်။ဒါစိတ်ဆိုးကြောင်း စစ်ကြေညာသွားတဲ့ သေင်္ကတမို့ သူပြန်ချော့ရတော့မယ်မလား။
အနားတစ်ဝိုက်က ထယ်ရယ် ပစ်ချထားတဲ့ ပစ္စည်းတွေကို ကောက်သိမ်းပြီး မသင်္ကာလို့ အခန်းထဲလိုက်ဝင်ကြည့်တော့မှ ကုတင်ပေါ် ခြေကားယားလက်ကားယားနဲ့ မှောက်နေပြန်တဲ့ သူ့ထယ်ရယ်။
တင်ပါးလံုးလံုးေလးကို ြဖန်းးခနဲရိုက်လိုက်ချင်ေပမဲ့ မလုပ်ရဲေတာ့ ခေါင်းသာခပ်ဖွဖွရမ်းရင်း ဆွဲလွဲလို့ ရေချိုးခန်းအရောက် တွန်းထည့့်ရပြန်တယ်။
တကယ် အဆိုးလေးပါပဲ။
VOCÊ ESTÁ LENDO
Romance in Mandalay [Shentaerae]
Fanfic"ကျွန်တော်တို့ဆီမှာလေ ယုံတမ်းစကားတစ်ခုရှိတယ်။ မန္တလေးကျုံးရေကို သောက်မိတယ်ဆိုရင် အဲ့လူက မန္တလေးသားနဲ့အိမ်ထောင်ကျတတ်တယ်တဲ့" "ခင်ဗျားအခုသောက်လိုက်တဲ့ အရက်က ဒီကျုံးရေနဲ့ချက်ထားတာ"