3

422 58 0
                                        


"သေချာစစ် ဒီရထားနဲ့မှမဟုတ်ရင် သူတို့အတွက်အချိန်မမီီတော့ဘူး ဒါကြောင့်သေချာပေါက် ဒီရထားထဲပါကိုပါတယ် တစ်ယောက်မှမလွတ်စေနဲ့"

အမိန့်စကားသံအဆုံးမှာ အရပ်ဝတ်လူလွှဲထားတဲ့လူတစ်ချို့ဟာ ရထားအလာကိုစောင့်ဆိုင်းရင်း ဘယ်နည်းဘယ်ပုံလှုပ်ရှားကြမယ်ဆိုတာ ဆွေးနွေးကြတော့တယ်။

သူတို့နောက်မှာတော့ နရံံကျောမှီလျက် ဆေးလိပ်ဖွာနေတဲ့ ကော်လံလက်ရှည်အနက်၊စတိုင်ပင်အနက်နဲ့လူတစ်ယောက်။
ရွှေရောင်သန်းခဲ့ဖူးတဲ့ဆံသားနုနုတွေဟာ အခုတော့နက်မှောင်လို့ ၊ ချောမောသေသပ်စွာ။

အသက်မဲ့သလို စူးရှရှမျက်ဝန်းတွေက တအိအိနဲ့နီးကပ်လာတဲ့ ရထားကနေမခွာတော့။
သူ့မျက်လုံးထဲမှာ ရက်စက်ခြင်းအရိပ်အငွေ့တွေဖြတ်ပြေးနေကြောင်း ဘေးသွားဘေးလာတွေပင် သူ့ရှေ့ဖြတ်မလျှောက်ရဲပဲ ရှောင်ကွင်းသွားနေသည်က သက်သေ။

ရထားရပ်သည်နှင့် ပြိုဆင်းလာတဲ့လူတွေကြား စေ့စပ်စွာမျက်စိဒေါက်ကြည့်နေတဲ့အချိန် မြင်ကွင်းထဲဝင်လာတဲ့ကျောပြင်လေးတစ်ခု။

သူများလား မျှော်လင့့်ချက်ရေးရေးဖြင့် ခြေနှစ်လှမ်းလောက်လှမ်းပြီးမှ အသိစိတ်ထိန်းပြီးရပ်ပစ်လိုက်ရတယ်။

အရူးလား ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ။ ကိုရီးယားနဲ့ မြန်မာဆိုတာ သွားလာရလွယ်တာမှတ်လို့။

ရစ်ခီ အသက်မဲ့စွာ ပြုံးလိုက်မိတယ်ထင်တာပါပဲ။

ကျွန်တော့်နေ့ရက်တွေက ဒီလိုပါပဲခင်ဗျားရယ်။
မဖြစ်နိုင်ခြင်းတွေကို ပုံဖော်မိနေတုန်းပဲ။

ပြန်ဆုံမယ်လို့မျှော်လင့့်နေမိတာ အမှားပဲဆိုပေမဲ့
အတွေးထဲ ပုံမဖော်နိုင်တော့ရင် မေ့နိုင်ပြီလို့ လိမ်မိတဲ့အခါ ထပ်မှားပြန်တယ်။

အထပ်ထပ်အခါခါ မှားရင်း မှားရင်း မျှော်လင့့်ရင်း ကျွန်တော့်ကမ္ဘာဟာ သံသရာလည်နေတော့တာပါပဲ။

_

"တောက်"

သူတို့ဆရာ ဒေါသကြီးရင်ဘယ်လောက်ကြောက်စရာကောင်းလဲ သိတာမို့ ဘေးကလူငါးယောက်မှာ ကြက်သီးမွှေးညှင်းတွေပင် တဖြန်းဖြန်းထလို့နေပြီ။
ဒေါသမရှိတဲ့အချိန်လည်း ကြောက်စရာပဲဆိုပေမယ့့်ပေါ့။

Romance in Mandalay  [Shentaerae]Onde histórias criam vida. Descubra agora