Two

266 23 8
                                    

Recommended background song-
''Here With Me''

_____________________________________

ကျောင်းဆင်းချိန်🔔🔔

''ya..lisaနင်ပေါ်လာသေးတယ်နော်''

''ဟဲဟဲ...ငါလည်းလန့်ပြီးပြေးသွားမိတာ
နင့်ကိုတောင်မေ့သွားတယ်''

''ဟွန်း သူငယ်ချင်းကောင်းပီသလိုက်တာ''

''ဒါနဲ့ ကျောင်းဆင်းတာကို နင်ကဘာလို့...
အရင်နေ့ကလို ကားနဲ့မပြန်ဘူးလား''

''ဟင့်အင်း...လမ်းလျှောက်ပြီးပဲပြန်ရအောင်''

''အေးပါ နည်းနည်းတော့ဝေးမယ်ထင်တယ်''

chaeတကယ်တော့ ဟိုတစ်ယောက်နဲ့ကားအတူစီးပြီး မပြန်ချင်တာကြောင့်ဖြစ်သည်။
ဘယ်လောက်ဝေးဝေး လမ်းလျှောက်ပြီးပဲပြန်မည်။
နောက်နေ့ကျောင်းသွားရင် စီးဖို့
တီလေးကို စက်ဘီးတစ်စီးဝယ်ခိုင်းရဦးမည်။

ကျောင်းဆင်းတည်းက ကားထဲထိုင်စောင့်နေရတဲ့
jennieမှာ အချိန်အတော်ကြာနေပြီမို့ စိတ်ကမရှည်တော့။ကျောင်းတံခါးလည်း ပိတ်တော့မယ် နှစ်ယောက်လုံးထွက်မလာကြသေး။

''မမလေး...သူတို့ ပြန်သွားကြပြီထင်ပါတယ်''

jennieဖုန်းကိုထုတ်ကာ...
Ireneကိုဖုန်းဆက်မေးရတော့သည်။

''Irene...အခုစောင့်ကြည့်ခိုင်းထားတဲ့
ကောင်မလေးကို ရှာပေးပါ သူအခု ဘယ်မှာရှိနေလဲ''

''ဟုတ်ကဲ့ ကျမတို့လိုက်ကြည့်နေတာတော့
သူ့ဘေးက သူ့သူငယ်ချင်းဖြစ်ပုံရတဲ့
ကောင်မလေးနဲ့ လမ်းလျှောက်နေတာပါ
(...)စတိုးဆိုင်နားမှာ...''

''ကောင်းပြီ ငါသူတို့ကိုသွားခေါ်မှာမို့...
မင်းတို့ဆက်မလိုက်တော့နဲ့''

''ဟုတ်ကဲ့''

ဖုန်းချပြီးdriverကိုလှမ်းပြောလိုက်သည်။

''(....)စတိုးဆိုင်ကိုမောင်းပါ''

ကားက Ireneပြောတဲ့နေရာကိုရောက်တော့
သူတို့က မုန့်ဝင်ဝယ်ပြီး
ပြန်ထွက်လာတယ်ထင်သည်။

ကားကိုသူတို့အနားကပ်ရပ်ခိုင်းလိုက်ပြီး
တံခါးဖွင့်ကာ အထဲကနေသာလှမ်းပြောလိုက်သည်။

The Love Story Of The Sad[sʜᴏʀᴛ sᴛᴏʀʏ]Where stories live. Discover now