Six

241 21 9
                                    


Jennieတစ်ယောက် ဒီနေ့မနက်ခင်းမှာ
မူးနောက်နောက် မျက်စိကျိန်းကျိန်းဖြင့်သာ နိုးလာခဲ့သည်။
မျက်လုံးက ချက်ချင်းဖွင့်မရတာမို့ မှိတ်ထားကာ
အတွေးတို့ဟာ ယောင်းဆီသို့။

တကယ်တော့ Jennieက chaeyoungကိုစိတ်ဆိုးနေခဲ့တာ။လွန်ခဲ့တဲ့တစ်လလောက်ထဲက စကားသိပ်မပြောဖြစ်။
Jennieရဲ့ ပထမဆုံးအနမ်းကို ယူသွားပြီးမှ
ဖြေရှင်းချက်ကောင်းကောင်းမပေးခဲ့ပါ။ယောင်းကို
အမှန်တကယ်ပဲစိတ်ဆိုးမိပါသည်။

"ဟွန့် လူဆိုး"

Jennieတချက်ပြုံးပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့
မြင်လိုက်ရတဲ့မြင်ကွင်းဟာ jennieကိုထိတ်လန့်စေသည်။
မျက်နှာကြက်။ ဒီမျက်နှာကြက်ဟာ Jennieအခန်းရဲ့
မျက်နှာကြက်မဟုတ်။ Jennie ကြောင်အစွာပဲ
တောင့်တောင့်ကြီးထလိုက်ပြီး ဘေးကို​ေ၀ှ့ကြည့်လိုက်တော့
အနားမှာ စောင်အဖြူနဲ့လုံးထွေးကာ ၂လသားကလေးငယ်လေးလိုမျိုး အိပ်နေတဲ့ယောင်းပိစိ။

ခေါင်းလေးပဲဖော်ထားတာ တကိုယ်လုံးအနှီးထုတ်နဲ့ပတ်ထားသလိုပဲ။
ချက်ချင်းပဲ ဆံပင်တွေကိုနားကြားထဲညှပ်ပြီး
ယောင်းအား နှိုးလိုက်သည်။

"ယောင်း!!ယောင်း ထပါ! ထပါဦး"

"ဟာ အိပ်ချင်သေးတယ် တညလုံးပင်ပန်းထားတဲ့ဟာကို"

အိပ်ချင်မူးတူးနဲ့ပြောနေတဲ့ ယောင်းရဲ့အသံဟာ ပလုံးပထွေး

"ဘာ ဘယ်လို ထပါယောင်း
ကိုယ်ဘယ်လို ယောင်းရဲ့အခန်းထဲရောက်နေတာလဲ"

"အွင်း ဘယ်လိုရောက်နေလဲဆို အိပ်လို့ရောက်နေတာပေါ့လို့"

"ယောင်းရဲ့အခန်းထဲတောင်ရောက်လာတာဆိုတော့
မနေ့ညက ကိုဟ်တော်တော်မူးနေခဲ့တာလားယောင်း
ကိုယ့်ကိုစိတ်ပူအောင်မလုပ်ပါနဲ့ ရှင်းပြပါ"

အတင်းလက်မောင်းကိုလှုပ်နှိုးနေတော့ ချယ်ပြန်အိပ်မရ။

"ဟာ ဟန်နီကလည်း ဘာဖြစ်နေတာလဲ
သူမနာဘူးဆိုတိုင်း သူများကိုလိုက်နှိုးနေတယ်
သွား ရေသွားချိုးပါ"

You've reached the end of published parts.

⏰ Last updated: Apr 21 ⏰

Add this story to your Library to get notified about new parts!

The Love Story Of The Sad[sʜᴏʀᴛ sᴛᴏʀʏ]Where stories live. Discover now