အခန်း(၁၇၈)

262 26 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၃)

မူရင်းရေးသားသူ - LazySageDao

ဘာသာပြန်ဆိုသူ - ကြည်ဖြူ (Fortuna)

အခန်း (၁၇၈) : သဘာဝလွန်နယ်ပယ်အဆင့်

ဝမ်ဝေ့က သူ့ကျင့်ကြံရေးအခန်းအတွင်း သဘာဝလွန်နယ်ပယ်အဆင့်ကို ချက်ချင်း မတက်လှမ်းသေးပေ။ သူက မူလလမ်းစဉ်ကျမ်းနှင့် နယ်ရှင်လက်သီးနည်းစနစ်ကို ထုတ်ကာ သူ လိုအပ်သည့် အချက်အလက်များကို ပြန်ကြည့်လိုက်သည်။ ထို့နောက် သူက အဆင့်တက်လှမ်းဖို့ စတင်လိုက်သည်။

သူ ပထမဆုံးလုပ်သည့်အရာက တရားထိုင်လိုက်ပြီး မိုးမြေနှင့် တစ်သားတည်းဖြစ်သွားစေခြင်း ဖြစ်၏။

ဝမ်ဝေ့ အဆင်တက်လှမ်းခြင်း၏ ပထမခြေလှမ်းမှာ ကြမ္မာကောင်း ချီကို ဖမ်းဆုပ်ဖို့ ဖြစ်၏။

ကြမ္မာကောင်း ချီ ဆိုတာ ဘာလဲ ...

မိုးမြေဆီမှ ထွက်ပေါ်လာသော သီးသန့်တုန်ခါမှု သို့မဟုတ် အငွေ့အသက် ဖြစ်ပေသည်။ မြေပြင်တွင် ဖြစ်စေ၊ ကျောက်တုံးတွင် ဖြစ်စေ၊ တိရစ္ဆာန်များနှင့် အပင်များတွင် ဖြစ်စေ အားလုံးက တမူထူးခြားသည့် အငွေ့အသက် သို့မဟုတ် စည်းချက် ရှိကြသည်။

တမူထူးခြားသည့် အငွေ့အသက်ကို ဖမ်းဆုပ်လိုက်ပြီးနောက် ဝမ်ဝေ့က သီးသန့်နည်းစနစ်ဖြင့် သူတို့ကို ချီစွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်။

ဝမ်ဝေ့ရှေ့မှောက် ငွေရောင်စွမ်းအားတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။ ထိုအရာ ကြမ္မာကောင်း ချီ ဖြစ်၏။ ထိုအရာကို ဖမ်းဆုပ်ပြီးသည့်နောက် သူက ကောင်းကင်ကျောင်းဆောင် ပုံသဏ္ဍာန် ဖြစ်နေသည့် သူ့ပလ္လင်ထဲ ရောက်စေဖို ထိန်းချုပ်ပေးလိုက်သည်။

ကြမ္မာကောင်း ချီက ပလ္လင်ထိပ်ထဲ ပြေးဝင်လာပြီးနောက် ရုတ်ချည်းဆိုသလို မီးအိမ်တစ်ခု ဖြစ်တည်လာသည်။ ကြမ္မာကောင်း ချီက ရှေးဟောင်းမီးအိမ်ထဲ ဝင်ရောက်သွားသည့်နောက် ရောင်စုံမီးတောက်တစ်ခု ပေါ်ထွက်လာသည်။

အတိအကျဆိုရလျှင် ထိုမီးတောက်တွင် အရောင် ၁၃ ရောင် ရှိ၏။ ဝမ်ဝေ့က ထိုသည်မှာ ကြမ္မာကောင်း မီးတောက် ဖြစ်ကြောင်း သိလိုက်ပြီး အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့်နှင့် ကမ္ဘာဦးစိတ်ဝိညာဉ် နယ်ပယ်အဆင့်များရှိ ကျင့်ကြံသူများအတွက် အလွန်အဖိုးတန်လေသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်ရဲ့ ခရီးလမ်း  [mm trans]Où les histoires vivent. Découvrez maintenant