ပုံပြင်လေးတစ်ဗုဒ်
ဆင်စွယ်လက်တစ်စုံ
ငါဟာလွှတ်ချတတ်ဖို့ တဖွဖွ ပြောခဲ့ဖူး
သူကလဲငို.. ကိုယ်ကလဲပြို။-accident
bigbang x mary•••
April 8, 1960
ရွှင်မြူးရိပ်စွန်းထင်းနေလေတဲ့ အဝါရောင် ကောင်းကင်ယံ၌ တိမ်ဖြူဖြူတို့က ဟိုတစ်စ၊ဒီတစ်စ ဖြင့်။နွေးထွေးရိပ်တွေ မရှိတော့သည့် သူ့နှလုံးအိမ်ကား တိုးဝှေ့လာလေတဲ့ ခပ်နွေးနွေးလေပြေငယ်တို့နှင့် ဆန့်ကျင်ဘက်။
လူသူကင်းမဲ့သည့် မြို့စွန်နားဖြစ်ရာ ရိတ်ခြင်းမခံထားရတဲ့ မြက်ခင်းစိမ်းတွေက အနည်းငယ် ရှည်လျားနေလေကာ ထိုမြက်ခင်းစိမ်းအား အခြေတည်ကာ သစ်သားဖြင့် တည်ဆောက်ထားလေတဲ့ ခုံတန်းရှည်လေးတစ်ခုကား အညာတရမို့ ပြောင်လက်မနေပါ။
ထို့ပြင် မလှမ်းမကမ်းမှ ထိုမြက်ခင်းစိမ်းတို့အပေါ် မှောက်ရက်လှဲ စက်ဘီးပြာနုနုမယ် နှစ်မြုပ်ခါနီး နေလုံးကြီး၏ လိမ္မော်ရောင် ဖျော့ဖျော့တို့ လွှမ်းနေလေရဲ့။
သစ်သားခုံတန်းရှည်ထက် ခြေထောက်လေးနှစ်ဖက်တင်ကာ ဒူးလေးနှစ်ဖက်အား ပိုက်လို့ထားလေတဲ့ နွမ်းလျလျ ကဗျာလှလှလေးကား ခပ်ဆွေးဆွေး မျက်ဝန်းများဖြင့်။
မြင်ကွင်းရှေ့မှ မျက်စိတစ်ဆုံး မြင်နေရသည့် လေဝှေ့တိုင်း ယိမ်းနွဲ့နေလေတဲ့ ဂျုံခင်းထံ မျက်နှာမူလို့ထား၏။ပျောက်ကွယ်လုလု လိမ္မော်ရောင် နေလုံးကြီးအား မျှော်ငေးလို့ မဟူရာမျက်ဝန်းငယ်တို့မယ်ဝမ်းနည်းရိပ်တို့ အခြေချနေထိုင်နေသည့်အလား။
နေ့တစ်နေ့ရဲ့ အဆုံးသတ် နေဝင်ချိန်ကား လှပသော်ငြား အပြီးအပိုင် ခွဲခွာသွားရမည့် ခံစားချက်ကြီးက စိတ်ဝိဉာဉ်အစုံကို သိပ်နွမ်းနယ်စေပါသည်။အကြိမ်ကြိမ် ဖြတ်တိုက်ကျီစယ်လို့သွားသည့် နွေလေပြေနွေးနွေးကား သူ့အပေါ်သက်ရောက်မှု တစ်စွန်းတစ်စ မျှမရှိလေခဲ့။
ဤနှစ် နွေဦးမရောက်ခင်ထိ သူ့စိတ်ဝိဉာဉ်အစုံဟာ ရာသီစက်ဝန်းကဲ့သို့ ပုံမှန်လည်ပတ်နေခဲ့သည်ပေါ့။သို့သော် မျက်ဝန်းညိုညိုတို့၏ နွေးထွေးမှုမယ် နှစ်ကျသွားလေတဲ့ သူ့စိတ်ဝိဉာဉ်အစုံကား ဆယ်ယူရန် သိပ်ကိုခက်လေခဲ့ပြီ။
ESTÁS LEYENDO
𝐒𝐩𝐫𝐢𝐧𝐠'𝐬 𝐒𝐮𝐧𝐬𝐞𝐭
FanficMy Darling, you're my spring's sunset and i would be your spring. *The city names, events, and locations throughout the fic are just the author's imagination.* S-3/17/23 E-4/13/23