Unicode
ဝမ်အိမ်တော်ကနေ ရှောင်းအိမ်တော်ကို သူတို့ကားမောင်းပြီးပဲပြန်လာခဲ့ကြ၏။ ဟန်ချိုင်မြို့ရဲ့လူသူရှင်းတဲ့ကားလမ်းမပေါ် ကားအဖြူလေးတစ်စီးကပုံမှန်အရှိန်အတိုင်းဖြတ်မောင်းနေသည်။
ကားထဲမှာတော့ ဟန်ချိုင်မြို့ရဲ့မျက်နှာစာဖြစ်သော ရှောင်းသခင်လေးနဲ့ သူ့ရဲ့အသစ်စက်စက်ဇနီးသည်လေးတို့အတူရှိနေတာဖြစ်သည်။
ရိပေါ် ဝမ်အိမ်ကနေထွက်လာထဲကရှောင်းကျန့်ကိုဘာမှမပြောဖြစ်ပေ။ ပြောချင်စိတ်လည်းမရှိသလို ဘာပြောရမလဲလည်းမသိ။
ထို့ကြောင့်ပါးစပ်ကလေးပိတ်ကာ ငြိမ်ငြိမ်လေးနေပြီး ထိုင်ခုံခါးပတ်ကိုသာဆော့ကစားနေလိုက်၏။
" ဝမ်ရိပေါ် ထိုင်ခုံခါးပတ်ကိုဆော့မနေနဲ့ "
ရိပေါ် ဘာမှပြန်မဖြေ။ အဲ့အစား သူ့ရဲ့လက်တွေကခါးပတ်ကနေခွာလိုက်ပြီး ကားမှန်မှာချိတ်ထားတဲ့ မြေခွေးရုပ်ကလေးကိုလှမ်းယူကာ ဖျစ်ညစ်ပြီးဆော့ကာသဘောတကျရီလိုက်၏။
" ဝမ်ရိပေါ် မင်းကလေးလား! "
" အင်း ကျွန်တော်က ၂၀ ပဲရှိသေးတာလေ ပြည့်တောင်မပြည့်သေးဘူး ၊ သေချာပေါက် ကလေးပေါ့ "
" ဘယ်ကလေးက ယောက်ျားယူတာရှိလို့လဲ "
" ဘယ်လူကြီးကရော ကလေးအရွယ်နဲ့လက်ထပ်လို့လဲ "
ရှောင်းကျန့် အံ့ဩသွားသည်။ ဝမ်ရိပေါ်ကဒီလိုစွာတတ်တဲ့လူမဟုတ်။ အချက်အလက်ထဲမှာဖော်ပြထားတာကတော့ ယဉ်ကျေးသိမ်မွေ့ပြီး လေသံမာမာတောင်မပြောဖူးဘူးတဲ့။
သူအချက်အလက်အမှားတွေရထားတာလား။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကိုနောက်မှထပ်စုံစမ်းလို့ရတာမလို့ ဝမ်ရိပေါ်ကိုသတိပေးစရာရှိပေးရမယ်။
" ဒီနေ့အိမ်မှာအဖေရှိလိမ့်မယ် "
" ဦးလေးရှောင်းလား "
" အင်း အမေတော့မရှိဘူး "
ရိပေါ်ခေါင်းပဲငြိမ့်ပြလိုက်ပြီး ဘာမှဆက်မပြောတော့။ လက်ထဲကမြေခွေးရုပ်ကိုလည်း မှန်မှာပြန်ချိတ်လိုက်ပြီ ဖုန်းထုတ်ကာ Weibo ပွတ်နေလိုက်တယ်။
YOU ARE READING
ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်
Fanfictionငါ -ိုး!!! အိပ်ယာက နိုးနိုးချင်း ယောက်ျားရသွားပြီ!!!