ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၁၉

1.7K 108 7
                                    

Unicode

ပူတင်းလေးရဲ့ရောက်ရှိလာမှုသည် သိပ်မကြာခင်မှာပဲ နှစ်ဖက်မိသားစုစီသတင်းရောက်ရှိသွားတော့သည်။ အကြောင်းမှာတခြားတော့မဟုတ်။

အနေအထိုင်မဆင်ခြင်သူ မိမိယောက်ျားရှောင်းကျန့်သည် ဟိုတနေ့ညက မက်စ်မတပ် မျက်မှန်မတပ်ပဲ ရှော့ပင်းမောလ်တစ်ခု၏ ကလေးပစ္စည်းအရောင်းဆိုင်တွင် ကလေးအင်္ကျီများကို စိတ်ဝင်တစားစိုက်ကြည့်နေတဲ့ပုံအား ပါပါရာဇီကရိုက်ယူပြီး ဝေ့ပေါ်တွင်တင်လိုက်တာကြောင့် ညတွင်းချင်းပင် ဝုန်းခနဲ Hot Search ပေါ်ရောက်သွားပြီး တစ်နိုင်ငံလုံး ဟိုးလေးတကျော်ကျော်ဖြစ်သွားရသည်။

ကုမ္ပဏီဘက်ကဘာမျှမဖြေရှင်းထားသလို ရှောင်းကျန့်ဘက်ကလည်း ဘာမှမဖြေရှင်းသည့်အတွက် ထိုသတင်းသည် " အိုက်ယား သူ့အနာဂတ်ပေါင်ပေါင်းလေးအတွက် ကြည့်တာနေမှာပေါ့ကွာ " ဆိုတဲ့ခေါင်းစဉ်နှင့်အဆုံးသတ်ခဲ့တော့သည်။

ထိုနေ့ကရှောင်းကျန့်တစ်ယောက်ရိပေါ်ဆီမှာ အပြင်းအထန်ဆူခံခဲ့ရ၏။ ရှောင်းကျန့်ခမျာ မက်စ်မတပ်မိပဲအပြင်သွားမိတာကြောင့် ကြမ်းပြင်ပေါ်ဒူးထောက်ပြီး နှစ်နာရီနီးပါးဩဇာသီးစားခဲ့ရသည်။

အရင်လိုသာဆို ဩဇာသီးသည်ဝက်တစ်လုံးပေါ်အား ခါးကနေဆွဲကာ အိပ်ယာပေါ်ပစ်တင် ကြမ်းတမ်းလိုက်လို့ရပေမဲ့ အခုအခါမှာတော့ ကြမ်းတမ်းလို့မရပေ။

သူ့ရဲ့ဩဇာသီးသည်လေးရဲ့ဗိုက်လေးထဲတွင် ပူတင်းလေးရှိနေပြီဖြစ်၏။ ပူတင်းလေးထိခိုက်မိလို့မဖြစ်။ အဲ့အတွက်သူဆင်ခြင်ရမည်။ ဆင်ခြင်ရမည်ဆိုသော်ငြား အဲ့ညကမဆင်ခြင်နိုင်ခဲ့ပေ။

ဆူပူနေသည့် ဝက်တစ်လုံးပေါ်အား ကုတင်ပေါ်ဆွဲခေါ်သွားပြီး တစ်ညလုံးစားသုံးခဲ့ပြန်ပါသေး၏။

အကျိုးဆက်ကတော့ မနက်လင်းတာနဲ့ ရှောင်းကျန့်တစ်ယောက် အခန်းထဲကကန်ထုတ်ခံလိုက်ရတော့၏။

ကန်ထုတ်ခံလိုက်ရပေမဲ့ တန်တယ်လို့သူထင်သည်။ စဉ်းစားကြည့်လေ တစ်ညလုံးမြိန်ရေယှက်ရေစားသုံးပြီးခါမှ ကန်ထုတ်ခံရတာ။ တန်၏။ သိပ်ကိုတန်၏။

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Tahanan ng mga kuwento. Tumuklas ngayon