ကိစ္စတွေကအဆင်ပြေချောမွေ့မနေပဲ ရုံးရောက်ဂိုက်ရောက်အခြေအနေဖြစ်သွားတာကြောင့် ရှောင်းကျန့်ကိုယ်တိုင် တရားရင်ဆိုင်ရမည့်အခြေအနေဖြစ်သွားခဲ့၏။
ဘယ်လောက်ပဲ သမီးယောက်ဖ တော်တော် ဝမ်ဟိုင်ချန်သည် စာရွက်စာတမ်းများနှင့်ပတ်သတ်ပြီးသူ့အားအလျော့မပေးခဲ့ပေ။ သို့သော်ငြား ရှောင်းကျန့်သည် လူထုကအသိအမှတ်ပြုထားသည့် မင်းသားတစ်လက်ဖြစ်တာကြောင့် တရားရုံးကိုကိုယ်တိုင်တက်လို့မဖြစ်ပေ။
ထို့ကြောင့် ကိစ္စအဝဝကို သူ့ရှေ့နေအားလွှဲအပ်လိုက်ပြီး သူကတော့ ဇာတ်လမ်းအတွက်ပရိုမိုးရှင်းဆင်းပွဲကိုသွားရတော့၏။
သေချာတာပေါ့ သူနဲ့ဝမ်ဟိုင်ချန်ကြားကပြသနာကို ပူတင်းလေး ဖေဖေကို လုံးဝပေးသိမည်မဟုတ်ပါ။ သူတို့ကလည်း ပြောပြမည့်လူတွေမဟုတ်ပေ။
ရှောင်းကျန့် ဖုန်းဖွင့်ကြည့်လိုက်တော့ ရိပေါ်သည် သူ့အား ဘယ်တော့ပြန်လာမလဲဟုမေးထားသည့်စာများအပြင် သမီးရဲ့နေ့စဉ်ဒူဝကိစ္စအဝဝကို ရှောင်းကျန့်ထံ ဓာတ်ပုံရိုက်ပြီးတင်ပြထားသည်ကိုတွေ့ရသည်။
ရှောင်းကျန့်သဘောတကျပြုံးပြီး Video တစ်ပုဒ်ကိုဝင်ကြည့်လိုက်တော့ သမီးသည် သူ့ပုံကိုကြည့်ပြီး တခစ်ခစ်ရီကာ တခုခုကိုပြောနေပုံပေါ်သည်။
- တွေ့လား ပူတင်းလေးက ခင်ဗျားကိုလွမ်းနေပြီ၊ တစ်လတောင်ရှိပြီ ခင်ဗျားပြန်မလာသေးဘူးလား -
ဆိုကာ ရိပေါ်၏ အမေးနှင့်အဆုံးသတ်ထားသော Video ကိုကြည့်ရင်း ရှောင်းကျန့်စိတ်မကောင်းဖြစ်သွားရ၏။
" ဒါရိုက်တာ ဒီညနေပွဲပြီးရင် ထပ်တက်စရာပွဲရှိသေးလား "
" မရှိတော့ဘူး ရှောင်းလောင်ရှီး နောက်လထဲမှာတော့ နိုင်ငံခြားမှာသွားပြီး ဇာတ်ကားမိတ်ဆက်လုပ်ဖို့တော့ရှိတယ်။ ဖူယွမ့်နဲ့ကျွန်မ အချိန်ဇယားညှိပြီးပြီ "
" ဘယ်လောက်ကြာနိုင်လဲ "
" အများဆုံးသုံးရက်ပဲ "
" ကျွန်တော်ပွဲတက်ပြီးတာနဲ့ပြန်လို့ဖြစ်လား "
ဒါရိုက်တာ၏ မျက်နှာမှာ ငြိုးငယ်သွားတော့၏။ သေချာပေါက်မဖြစ်ဘူးဆိုပြီး သူမဘက်ကပြောချင်တာပေါ့။ သို့ပေမဲ့ တစ်ဖက်မင်းသားကတကယ့်ဒိတ်ဒိတ်ကြဲမင်းသား ၊ အဲ့အပြင် ဇာတ်ကားမရိုက်ခင်ထဲက ရှောင်းကျန့်လက်မခံရင်အတင်းအကြပ်မလုပ်ခိုင်းပါဘူးလို့ စာချုပ်ထဲပါပြီးသား။
YOU ARE READING
ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်
Fanfictionငါ -ိုး!!! အိပ်ယာက နိုးနိုးချင်း ယောက်ျားရသွားပြီ!!!