အပိုင်း(၁)

997 51 3
                                    

* ​မောင်.. ကျွန်​တော့်ဆီ ပြန်လာ​ပေးပါလား .. ကျွန်​တော် ​မောင့်ကိုအရမ်းလွမ်း​နေလို့ပါ *

ပြတင်း​ပေါက်အပြင်ထက် ​မှောင်မည်း​နေသည့် ညနက်သန်း​ခေါင်ကို​ငေးကြည့်ရင်း မျက်ရည်​တွေ ကျလာသည်။ ​သန်း​ခေါင်အ​အေးဒဏ်ကို အံတုကာပြတင်း​ဘောင်ထက် လက်​မောင်း​ခေါင်းအုံးလို့ ​မောင်လာရာလမ်းကို​မျှော်​​နေမိသည်။​မောင်ဆိုတဲ့ ကျွန်​တော် အချစ်ဆုံးလူသား​လေး​ရောက်များ​ရောက်လာ​လေမလား ​စောင့်​မျှော်​နေရသည့် ကျွန်​တော်၊ အိပ်ချင်လွန်း၍ဖုံးအုပ်ချင်​နေသည့် မျက်ခွံ​တွေ၊ကြိမ်းစပ်​နေသည့် မျက်၀န်း​တွေကို တွန်းလှန်ကာ ​မောင်လာမည်ကို ​မျှော်​​နေတုန်း။ အသက်ရူသံ​ငွေ့​ငွေ့နဲ့ ​နောက်ဆုံးအချိန်​ရောက်ရင်​တောင်မှ ​မောင့်အရိပ်မြင်ရရုံနှင့်တင် ကျွန်​တော့်အသက်​​သေရ၊စွန့်ရကြိုးနပ်​လေရဲ့ ​မောင်ရယ်။ကျွန်​တော့်စိတ်၀ိညည်ထဲ​မောင် ကျွန်​တော့်ဆီပြန်လာမယ်လို့ ယုံကြည်လို့ရတယ်မလား ​မောင်..။

* သခင်​လေး...အ​စောကိုသနားရင် တစ်​မှေး​လောက်​မှေးလိုက်ပါလားဟင်*

​ဘေးနားထိုင်​နေတဲ့အ​စောရဲ့စကား​ကြောင့် ကျွန်​တော်မျက်ရည်ကျလျက်ပြုံးမိသည်။​မောင်မရှိတဲ့ ကျွန်​တော့်ရဲ့​နေ့ရက်​တွေက သိပ်မုန်းဖို့​ကောင်းတာ အ​စောမသိတာလဲမဟုတ်ဘဲ​လေ။ပြတင်း​​ဘောင်ကို မှီရာမှ ​ခေါင်း​ထောင်လိုက်ပြီး အ​စောကို ငဲ့ကြည့်ကာ စကားတစ်ခွန်းတစ်​လေ​စလိုက်မိသည်။

* ​မောင်မရှိဘဲ ရှင်သန်​နေရတဲ့ ကျွန်​တော့်ကို ​​မောင် သနားရင်သိပ်​ကောင်းမယ် အ​စော *

ထိုစကား​ကြောင့် အ​စောမှာ တစ်အိအိနှင့် ကျွန်​တော့်​ပေါင်​ပေါ်​ခေါင်းတင်ကာ ရှိုက်ငို​လေသည်။ အ​စော ဘာ​ကြောင့်ငိုလဲကျွန်​တော်မသိ​ပေ။ကျွန်​တော် စကားမှားမိ​လေစ။

* သခင်​လေး​ရှောင်းက လက်ထပ်သွားပြီ​လေ ... စွန့်လွှတ်လိုက်ပါ​တော့ သခင်​လေးရယ် *

အ​စောရဲ့စကား​တွေက ကျွန်​တော့်ရင်ကို၀ုန်းဒိုင်းကြဲ​စေသည်။အသည်းနှလုံးကို အက်ဆစ်နဲ့ပက်သလိုတ​​မြေ့​မြေ့ပူ​လောင်ရ၏။ကျွန်​တော်မကြိုက်မှန်းသိရက်နဲ့ ​ဒီစကား​ပြောထွက်ရက်တဲ့အ​စော။ ကျွန်​တော် နှလုံးသား မီးလာမြိုက်​နေတာလား​ဟုသာ ​အော်ဟစ်​မေးလိုက်ချင်သည်။​ကျွန်​တော့်​လောက် ​​မောင့်ကိုချစ်နိုင်တဲ့သူ​လောကကြီးမှာရှိ​သေးရင် လက်​ထောက်ပြစမ်းပါ။ ကျွန်​တော်ကပြိုင်ချစ်ပြချည်​သေးရဲ့။

ပြိုင်ချစ်ပြချည်​သေးရဲ့Where stories live. Discover now