*ကျုပ်ပြောသားပဲ ဖျားတော့မှာလို့!*
ကုတင်ပေါ် ပုစွန်ကွေးကွေးနေသည့် ဝမ်ရိပေါ်အားကြည့်ကာ ရှောင်းကျန့်ငြိုငြင်စွာဆိုမိသည်။မျက်နှာလေးသာ ဖော်ထားသောကြောင့် အဖျားရှိန်နဲ့နီရဲနေသည့် ဝမ်ရိပေါ်မျက်နှာအုအုက သန်းခေါင်ကျော်မီးအိမ်အလင်းအောက်မှာတောင် အထင်းသား။
ဝမ်ရိပေါ်အနားမသွားကြည့်လျှင်တောင် စုကြုံ့ထားတဲ့မျက်ခုံးတန်းနဲ့ အိပ်ပုံအိပ်နည်းကိုကြည့်ရင်တောင် ဝမ်ရိပေါ်ဖျားနေမှန်းသိသည်။ဒီလောက်ထိ ရှောင်းကျန့်ဝမ်ရိပေါ်ကို မချစ်တာ! ။
ပြောမဆုံးသေးဘူး လှုပ်လီလှုပ်လဲ့နဲ့ဝမ်ရိပေါ်ကနိုးလာပြီဖြစ်သည်။
*အင့်! မောင်ပြန်လာပြီလား*
*ပြန်လာလို့ မြင်နေရတာမလား ၊ ရေးကြီးခွင်ကျယ်လုပ်လို့ *
ဒုတ်!
လက်မှ Rolex နာရီကို ချွတ်၍စားပွဲပေါ်ပစ်တင်ကာ ဝမ်ရိပေါ်ရှိတဲ့ကုတင်ပေါ်တတ်သွားလိုက်သည်။ဂရုစိုက်ချင်လွန်းလို့တော့မထင်နဲ့ ဟက်!
နဖူးပေါ်သက်ရောက်လာတဲ့ အေးစက်စက်လက်ကြောင့် ဝမ်ရိပေါ်ကိုယ်လေးကျုံ့သွားမိသည်။နဖူးမက ပါးပြင်၊လည်ပင်းအထိလျှောက်ထိနေတဲ့မောင်က မျက်နှာကလည်းတည်တည်နဲ့။မောင့်မျက်နှာကိုတွေတွေလေးစိုက်ကြည့်ပေးလိုက်တော့ ဆိုးလွန်းတဲ့မောင်ကဂရုမစိုက်။ သူ့အနားမှာခွာကာ ရေချိုးခန်းဆီဦးတည်နေသည့်မောင့်ခြေလမ်းတွေ။
*ဒီအချိန်မှဘာလာပြန်လုပ်တာလဲ*
*ခင်ဗျားကိုလာလုပ်တာ*
တိုးညှင်းသောအသံအား ခပ်အေးအေးပုံမှန်လေသံကလွှမ်းလျှက်တစ်ပြိုင်တည်းထွက်လာသည်။ထိုအခါမှ ဝမ်ရိပေါ်မောင့်အား မျက်စောင်းထိုးကာ ကုတင်ပေါ်လှဲချလိုက်သည်။ခေါင်းကတော်တော်လေးထိုးကိုက်နေတာမို့ မျက်လုံးစုံမှိတ်ကာငြိမ်ငြိမ်လေး မှေးနေလိုက်သည်။ရေချိုးခန်းမှရေကျသံကြား၍မောင်ရေချိုးနေမှန်းသိလိုက်သည်။
သို့သော်...
*ဘာကိစ္စမို့ပြန်အိပ်နေတာလဲ သေချင်လို့လားခင်ဗျား! ထ ခုရေပတ်ထတိုက်! *