* မင်းကိုမချစ်တော့ဘူး *
မျက်၀န်းတွေကိုမှိတ်ချလို့ မောင့်မျက်နှာကိုမကြည့်မိစေရန်အတင်းကြိုးစားမည်။မချစ်ဘူးပြောတဲ့မောင်နူတ်ခမ်းတွေကိုမုန်းတယ်။ပြောထွက်ရက်တဲ့မောင့်ကို ကျေးဇူးတင်လွန်းလို့မေးလိုက်မိသည်က မောင့်မျက်နှာထက်ခနဲ့ပြုံးက ရုတ်ချည်းဆိုသလို နေရာယူလျက်။
* မချစ်ရင်... ဘာ ဘာလို့ ကျွန်တော့်ကိုလက်ထပ်ခဲ့သေးလဲ မောင် *
* ဟ! အဲ့တုန်းက ခင်ဗျားကိုချစ်တယ် ၊ အခုက အခုက ဘာလို့ ကျစ်!*
အလိုမကျဟန်ပြောနေသည့် မောင်ရဲ့မျက်နှာထက်တွင် စိတ်ပျက်ဟန်တွေအထင်းသား။ အဲ့လောက်တောင် ကျွန်တော့်အပေါ် စိတ်ပျက်နေတာလားလို့ မေးလိုက်ချင်ပေ့မဲ့ ဒီလိုမေးလိုက်လို့ မောင်ထားခဲ့မှာ ကြောက်နေသည်။
မောင့်ကိုဂရုမစိုက်ဟန် မောင့်လက်တွေကိုပုတ်ထုတ်လို့ ၀မ်ရိပေါ်က မျက်နှာလွဲနေလိုက်သည်။မောင် ဝမ်ရိပေါ်ကို မချစ်တော့တာ ဘာများလဲလို့ စဥ်းစားရင်းမွန်းကြပ်လွန်းလို့သေမတတ်ပင်။မောင် ဖောက်ပြန်တာသိတယ်၊ သိရက်နဲ့ ကျွန်တော်ချစ်လွန်းလို့ သည်းခံတာကိုမောင်ရောင့်တတ်တယ်။ မောင့်အကြောင်းကိုမသိရင် ဝမ်ရိပေါ်ဆိုတဲ့ ကျွန်တော်က မောင့်ကိုအပိုင်ရနေပါ့မလား။
ပထမအိမ်ထောင်အဖြစ် ရှောင်းကျန့်ရဲ့ ပထမအဖြစ် ရှောင်းမျိုးဆက်ထဲရပ်တည်နိုင်မည်မဟုတ်ပေ။မောင်ဆိုတဲ့ရှောင်းကျန့်က သူ့ကိုသိပ်လျော့တွက်တယ်။မောင် ဖောက်ပြန်တယ်။ကျွန်တော် ချစ်တယ်လေ။ ထားခဲ့မှာသိလို့ ရင်ငုံနူတ်ပိတ်နေတာကို မောင်ရော အဲ့မိန်းမရော ကျွန်တော့်ကို အ တယ်ထင်နေလေရဲ့။
* မောင့် ကောင်မလေးက ကျွန်တော့်ကိုမလိုချင်တာလား၊ ဟုတ်လား *
ဝမ်ရိပေါ်ရဲ့အမေးမမည်သည့် စကားတစ်ခွန်းကြောင့် ရှောင်းကျန့်တုန်လှုပ်သွားသည်ဆို ယုံလေမလား။သူခိုးလူမိဆိုသလို သူအပျော်ရှာတာ ဝမ်ရိပေါ်က သိနေသည်။ရှောင်းကျန့်က လူပျိုဘဝထဲကပွေသူ၊ ဝမ်ရိပေါ်ကသူပွေတာကိုလည်းသိသည်။ သူရူပ်တာ သိသိကြီးနဲ့ လက်ထပ်ခဲ့တဲ့ ၀မ်ရိပေါ်ကရော ညံ့တာမလား။
![](https://img.wattpad.com/cover/339123356-288-k706879.jpg)