1

817 18 0
                                    

" အဲ့ မျက်ရည်တွေ တစ်စက်မှ ကျမလာစေနဲ့ ဒီသွေးနွယ် ငါ မင်းကို အခုမှ စဆူမှာ "

အဟင့် ဟင့်

အသားကုန်အော်ငိုပြီး သနားအောင်လုပ်ဖို့ညှစ်ထုတ်ထားသော မျက်ရည်တွေသည် ကိုကို့လက်ထဲက ခါးပတ်ကို တွေ့သောအခါ ဝမ်းနည်းကြီးစွာ ကျဆင်းလာကာ ရှိုက်သံအချို့ပါ ထွက်လာလေသည် ။

'သွားပြီ... ကိုကို တကယ် စိတ်ဆိုးသွားပြီ '

" တစ်ယောက်တည်း သွားချင်လှပါပြီရဲ့ ဆိုလို့
ကျောင်းကို တစ်ယောက်တည်း လွှတ်ပေးလိုက်တာ ဘယ်နှရက်ရှိသေးလို့ မင်းက ကျောင်းပြေးရဲရတာလဲ
ဟမ်...
ငါ့ကို ပြောစမ်း "

" မှား.. မှားသွားပါတယ် ကိုကို
တောင်းပန်ပါတယ် ဒီဒီ ကျောင်းလုံးဝ ထပ်မပြေးတော့ပါဘူးနော် "

ဒီသွေးနွယ်တစ်ယောက် ကိုကို့ခြေထောက်ကို ပြေးဖက်ကာ မျက်ရည်လည်ရွှဲဖြင့် တောင်းပန်လေသည် ။

ဒိဋ်သင်္ဂမောင်ရဲ့ မျက်ခုံးတွေသည် အလိုမကျစွာ
တွန့်ချိုးသွားလေသည် ။

" ကုတင်ပေါ် သွားမှောက်စမ်း "

" အဟင့် ... ကိုကို မလုပ်ပါနဲ့ "

"ငါ သွားဆို သွားစမ်း ဒီသွေးနွယ်
မင်း ဘာသာ အပြစ်လုပ်ပြီးမှ လာငိုပြမနေနဲ့ "

နဂိုထက် ပိုကျယ်လာသော ကိုကို့အသံသည်
ဒေါသအလွန်ထွက်နေပါကြောင်း ကြေညာနေသကဲ့သို့ပင် ...

ဒီထက် ပိုဒေါသထွက်လာရင် ပိုဆိုးလာမည်ဖြစ်သောကြောင့် ရှိုက်သံ မထွက်အောင် တင်းခံရင်း ကုတင်ပေါ်မှာ ဝမ်းလျားမှောက်လိုက်လေသည် ။

" အချက် နှစ်ဆယ်
တစ်ချက်ပြီးတိုင်း နံပါတ်စဉ်လိုက်အော်ပြီး
ကျွန်တော် မှားသွားပါတယ် လို့ ပြောရမယ်
မဟုတ်လို့ကတော့ တစ်ကနေ ပြန်စရိုက်မယ် "

" ဟုတ်... ဟုတ်ကဲ့ပါ ကိုကို ..အဟင့် "

ဖျောင်း

" အာ့..တစ်
ကျွန်တော် မှားသွားပါတယ် "

ပထမဦးဆုံးအကြိမ် မဟုတ်သော်လည်း
ရင်းနှီးနေသော နာကျင်မှုကြောင့်
မွေ့ယာကို အားဖြင့် ဆုတ်ကိုင်မိလိုက်လေသည်။

"Toxic"Where stories live. Discover now