2

451 13 3
                                    

~ when I walk in the room ~

~I can still make the whole place shimmer ~

~ And when I meet the band ~

~They ask, "do you have a man? " ~

~ I could still say " I don't re....

ဒီသွေးနွယ် သီချင်းလေး ညည်းရင်း
ကျောပိုးအိတ်ကို တရွတ်တိုက်ဆွဲကာ
လှေကားမှ ပြေးဆင်းလာလေသည်။
သို့်သော်...

" ဗုဒ္ဓေါ "

အလုပ်မသွားသေးဘဲ ဧည့်ခန်းမှာ မိန့်မိန့်ကြီး ထိုင်နေကာ ဝိုင်သောက်နေတဲ့ တစ်စုံတစ်ဒိဋ်ကြောင့် ရုတ်တရပ် တင်ပါးတစ်ခုလုံး ပြန်နာလာသလို ခံစားလိုက်ရသည် ။

ထို့နောက်  ရင်းနှီးနေပြီဖြစ်တဲ့ နာကျင်မှုတွေနဲ့
စိမ်းသက်လွန်းတဲ့ ထိုအထိအတွေ့တွေကိုပါ ပြန်သတိရမိသွားကာ အသက်ရှူမဝသလိုပါ ဖြစ်သွားလေသည်။

" ကိုကို အလုပ် မသွားသေးဘူးလား "

ကျောပိုးအိတ်ကို ‌သပ်သပ်ရပ်ရပ် ပြန်လွယ်ကာ
ကိုကို့နားကို ဖြေးဖြေးချင်း သွားလိုက်လေသည်။
ထိို့နောက် တစ်ပေအကွာလောက်မှာ ရပ်လိုက်ကာ
အသံထွက်တယ် ဆိုရုံလောက်လေသံလေးနဲ့
မေးလိုက်မိသည်။

ဟုတ်တယ်လေ
ကိုကိုက ခန့်မှန်းလို့ရတာ မဟုတ်
မတော်လို့ ထရိုက်ရင် ဘယ်လိုလုပ်မတုန်း

" ဒီနေ့က စပြီး ငါ လိုက်ပို့မှာ "

"ဗျာ "

မျက်ခုံးတစ်ဖက်ပင့်ကာ အေးစက်စက်မျက်ဝန်းများဖြင့် ကြည့်လာတဲ့ ကိုကိုသည် 'မကျေနပ်ဘူးလား' ဟူ၍ မေးနေသကဲ့သို့ပင်...

ညတုန်းက ဆေးလိမ်းပေးတဲ့ ကိုကို ဘယ်ပျောက်သွားပြီလဲ !!

" ကျောင်းလစ်တာကို မိပြီးတာတောင်
တစ်ယောက်တည်း သွားခွင့်ရဖို့ မျှော်လင့်နေတာတော့ မဟုတ်ဘူး မလား "

"မဟုတ် ..မဟုတ်ပါဘူး
ဟို..ဟို .. အပြန်ကရောဟင်
အပြန်ကိုရော ကိုကိုပဲ လာကြိုမှာလား "

တစ်လုံးချင်းစီ သတိထားကာ ပြောနေသည့် အနှီကောင်လေးသည် စကားမှားသွားမည်ကို သေမတက် ကြောက်ရွံ့နေသကဲ့သို့ပင် ...

" ကြိုမယ်
အပြန်လည်း ငါပဲ လာကြိုမှာမို့ စောင့်နေ "

" ဟုတ်ကဲ့ ကိုကို "

"Toxic"Where stories live. Discover now