" ငါ မလိုက်ချင်ဘူး
ငါ မလိုက်ချင်ဘူး လို့ ပြောနေတယ်လေ "မလုပ်ချင်တာကို
အတင်းအကြပ်ခိုင်းတာမျိုး လုံးဝ မကြိုက်ပါ ။
ရှင်းပြခါမှ ပိုဆိုးလာတဲ့ အခါ
ငြင်းဆိုခါမှ အဓမ္မခိုင်းစေလာတဲ့အခါ
ဒေါသနှင့် အတူ မျက်ရည်များပါ စီးကျလာရင်း
အော်ဟစ်လိုက်သည် ။သူနဲ့ဆို အသံကျယ်ကျယ်တောင် စကားမပြောရဲတဲ့ ကောင်လေးပါ ။
ဘယ်လောက် ခြိမ်းခြောက် ခြိမ်းခြောက်
ဒေါသထွက်နေတဲ့ ကြောင်ပေါက်လေးလိုသာ
တုံ့ပြန်လေ့ရှိတဲ့ ကောင်လေးက ငိုယိုကာ ပြန်အော်လိုက်တဲ့အခါ ပိုထိတ်လန့်သွားသူမှာ ဒီက ကောင်ပင်ဖြစ်တော့သည် ။သူ့ရဲ့ အုပ်ထိန်းသူ ကိုကို ဆိုတဲ့ကောင်အကြောင်း မေးချင်လို့ ကျောင်းအပြန် အပေါက်ဝမှာ သူ့ကို စောင့်နေခိုင်းလိုက်မိရုံကို ဘာကြောင့် ဒီလောက် ခါးခါးသီးသီးငြင်းကာ ငိုယိုနေမှန်း ဉာဏ်ပင် မမှီတော့ချေ။
လောလောဆယ် အဲ့ထက် အရေးကြီးနေသော ပြဿနာမှာတော့ ထိုဒီသွေးနွယ်ဆိုသည့် ကောင်လေး၏ တာကျိုးသကဲ့သို့ စီးကျလာသည့် မျက်ရည်တွေပင် ဖြစ်နေသည် ။
" ဟာကွာ "
ထိုလူဆိုးကောင်မှ ခြေထောက်တစ်ဖက်ကို ကန်ဖို့ပုံစံပြင်လိုက်တဲ့အခါ ဒီသွေးနွယ်တစ်ယောက် နောက်ဆုတ်ဖို့ လုပ်လိုက်သော်လည်း မိမိနောက်မှာ နံရံမှ တစ်ပါး တခြားမရှိတော့သည်ကို သတိရသွားတဲ့အခါ ခေါင်းကို လက်နှစ်ဖက်ဖြင့် ကာကွယ်သည့်ဟန် အုပ်ထားရင်း ထိုင်ချမိလိုက်သည်။
'သူရော ကိုကို့လိုပဲ ငါ့ကို ရိုက်တော့မှာလား '
အတန်ကြာတဲ့အထိ မိမိထင်ထားသလို နာကျင်မှုက ရောက်ရှိမလာတဲ့အခါ ခေါင်းကို မရဲတရဲ မော့ကြည့်လိုက်မိတော့ မျက်လုံးနှစ်ဖက်လုံး နီရဲကာ မိမိကို စိုက်ကြည့်နေသော ထိုလူဆိုးကောင်
ဒေါသအလွန်ထွက်နေသည်မှာ ဗေဒင်မေးစရာပင် မလိုချေ ။
" တောက်ခ် "
ရုတ်တရပ် "တောက်ခ်" တစ်ချက်ခေါက်ကာ
ဘေးနားကို ဗန်ဒါပင်ကို တစ်ချက်ပြီး တစ်ချက် ကန်နေတဲ့ သန့်ဇင်ထွန်း
![](https://img.wattpad.com/cover/339309323-288-k278938.jpg)
YOU ARE READING
"Toxic"
Romanceကြားဖူးကြတယ်မလား သိပ်ချစ်မိလို့ ရူးသွားကြတာမျိုးကို မြင်ဖူးကြတယ်မလား သိပ်ချစ်မိလို့ toxic ဆန်သွားတဲ့ ဆက်ဆံရေးတွေကို ........ Warning ⚠️ Warning ⚠️ Warning ⚠️ Seme က possessive, abuse type ပါ Violence ကို သဘောမခွေ့လှတဲ့လူတွေအတွက် အဆင်ပြေမှ ဖတ်ကြ...