Part -3

5 1 0
                                    

မနက်၁၁နာရီလောက် မင်းမောင် ပိုင့်စီရောက်လာခဲ့ခြင်းပင် အခုဆိုပိုင်ဒီရွာကိုရောက်တာ ၈လကျော်ပြီး၉လထဲဝင်နေပြီ ကိုမင်းမောင်နဲ့ပိုင်နဲ့က‌လည်းအတော့ကိုခင်မင်နေကြပြီပေါ့

"ကျုပ်ည‌ေန နေဝင်ခါနီးပိုင့်ကို ရွာရဲ့အလှဆုံး‌ေနရာ‌ေတွလိုက်ပို့မယ် အားလားဗျ"

"ဗျာ.... လူနာရှင်းနေတယ်ဆိုတော့ လိုက်မှာပေါ့ဗျ"

"ဒါစို အခုကျုပ်တို့ချောင်းကိုအရင်ရေသွားချိုးရအောင်"

"ဟုတ်"

"ချောင်းရောက်ပြီဗျာ"

"ဟို..ကျွန်တော်ဟိုနားမှာသွားချိုးမယ်နော်"

"ပိုင့်သဘောပါဗျာ"

"အားးး!!ကို‌မင်းမောင်!! ကိုမင်းမောင်!!

"ဗျာ.. ဗျာ ဘာဖြစ်လို့လည်း ပိုင်"

မင်းမောင်တို့ချောင်းကိုရောက်တော့ ဆရာလေး‌ေချာင်းထဲမှာ‌ေရချိုး‌ေနတုန်း ရေချိုးပီးဝတ်ဖို့ ကျောက်ပြားပေါ်ကအင်္ကျီတွေသွားယူနေတုန်းပိုင့်စီကအော်သံကြားလိုက်တာဖြစ်သည်။ပိုင်တစ်ခုခုဖြစ်တယ်ထင်ပြီးပိုင့်စီအပြေးသွားမိတော့

" ကျွန်တော့ခြေထောက်‌ေအာက်မှာဘာ! ဘာကြီးလည်းမသိဘူးကိုမင်းမောင်!!"

"ဟင်"

မင်းမောင်အမြန်ပဲပိုင့်ခြေဖုဝါးကိုကြည့်‌လိုက်တော့ မျှော့ကပ်နေတာဖြစ်သည်

"ဘာကြီးတုန်း ကိုမင်းမောင်ရဲ့ပြောဦး!!

" မျှော့"

"ဘာ!! အားးးးးး!!

ပိုင်တဂယ်လန့်မိပြီးငိုမိသွားသည်။ဟုတ်သည် ပိုင်ကမျှော့ဆိုအသေကြောက်တာ မျှော့တွေ့တာကိုအေးဆေးနေနိုင်တဲ့ ကိုမင်းမောင်ကိုတော့အံ့ဩမိသည်။ သူကတောမရမျှော့စိုတာနဲ့အာပြဲအောင်ငိုတဲ့ထဲက

"ဟင့် ခဗျား!! ဘာရပ်ကြည့်နေတာလည်း အဲ့ဟာကြီးဖယ်ပေးစမ်းပါဗျာ အားးးး!! လှုပ်နေပြီ လှုပ်နေတာ အားအား သွေးတွေ ကိုမင်းမောင် ဖယ်ပေးလို့!! အီးဟီး ခဗျားကြီးကိုဖယ်ပေးလို့ပြောနေတယ်လေ ဟင့် အားးး "

အဝါရောင် "ကြိုး"Where stories live. Discover now