Part - 4

3 0 0
                                    

"ဟဲ့ မင်းမောင် နင်ကဘာလို့အဲ့ကွင်းကိုမှဝယ်ချင်ရတာလည်း အောင်သောင်းကအဲ့ကွင်းကို မတန်မရာဈေးတင်ထားတာကို"

"ကျုပ်ကတော့ ဘယ်လောက်ပဲဖြစ်ဖြစ်ဝယ်မယ်ဒေါ်လေးရယ်"

"ကိုကြီး ကဘာလို့အဲ့ကွင်းမှအဲ့ကွင်းဖြစ်နေတာလည်း ကိုကြီးမင်းမောင်ရယ် ဒီလောက်မတန်မရာဈေးကြီးကို"

"အေးလေ မင်းမောင်ပြောစမ်း မင်းဘာလို့အဲ့ကွင်းမှအဲ့ကွင်းဖြစ်နေရတာတုန်းဟဲ့"

" ကျွန်တော့် ကြင်သူတွေ့တဲ့အခါ အဲ့နေရာလေးမှာတစ်အိုးတစ်အိမ်ထူထောင်ချင်လို့ဗျ"

"ဟေ"

"ဟင်"

နွေမာရောဒေါ်လေးမေပါမင်း‌ေမာင်ကိုအံ့ဩသွားရသည်။ ဟုတ်သည်လေ မင်းမောင်လို့လယ်‌ေတွယာ‌ေတွအများကြီးပိုင်တဲ့ ဉစ္စာပေါရုပ်ချောကို ဒီရွာကအပျိုလေးတွေတင်ပါမက ဘေးရွာကအပျိုတစ် ချို့ပါ မင်းမောင်မှမင်းမောင်ဖြစ်နေတာကိုတောင် သူ့တူက ရေခဲတုန်းလို‌ေအးစက်ပြီးကျောက်ခဲလိုမာနေတဲ့နှလုံးသားဖြစ်နေတာ။ အခုကျ ဘယ်လိုဖြစ်လို့တစ်အိုးတစ်အိမ်ထူထောင်ဖို့ပါ စီစဉ်နေရတာတုန်း။ ‌မင်းမောင်က သူ့ရဲ့မွေးစားသားဆိုပေမဲ့ ဒေါ်လေးမေအတွက်သားအရင်နဲ့မခြားပါပဲဒါကြောင့် မင်းမောင်ကိုမိန်းမကောင်းမိန်းမမြတ်နဲ့ပဲညားစေချင်တယ်။ သူ့အနေနဲ့လည်း မင်းမောင်ဇနီးဖြစ်လာမဲ့သူကို ဘယ်လိုမိန်းကလေးမျိုးလည်းဘယ်ရွာကလည်းသိချင်သည်။

"ဟဲ့ မင်းမောင် မင်းကောင်မလေးတွေဘာတွေရနေပြီလား"

"ဟာကျုပ်မှာဘယ်ကောင်မလေးမှ မရှိပါဘူးဗျာ"

"အေးပါ ရည်းစာတွေဘာတွေရှိနေရင်ကိုယ့်အဒေါ်ကို လျှိုမထားနဲ့ အရင်ပြောပြနော် ငါ့တူ"

"အဟမ်း.. ဒေါ်လေးကလဲ"

" ဒါနဲ့ညနေ့ ဒေါ်လေးဆေးခန်းခဏသွားမလို့"

"ဗျာ ဒေါ်လေးဘာဖြစ်လို့လည်း"

"သင်္ကြန်အကြိုနေ့ ကြာဇံဟင်းခါးတိုက်မလို့ ဆရာလေးကိုမဖိတ်ရသေးဘူး"

"အော် အဲ့တာစို ကျုပ် ယာထဲသွားရင်ဝင်ဖိတ်ခဲ့မယ်လေ"

You've reached the end of published parts.

⏰ Last updated: Apr 21, 2023 ⏰

Add this story to your Library to get notified about new parts!

အဝါရောင် "ကြိုး"Where stories live. Discover now