အပိုင်း ခုနှစ်

255 21 3
                                    

နှောင်ကြိုးလေးတစ်မျှင်
အပိုင်း ခုနှစ်
˜˜˜˜˜˜˜˜˜˜˜˜

တောဓလေ့အတိုင်း မနက်အာရုံတက်ချိန်နိုးလာတဲ့ ယွန်းဂီဟာ အိပ်ရာကနေ ထလိုက်ပီး ညအိပ်မီးကို ဖွင့်ကာ ထထိုင်လိုက်သည်။ အိပ်ရာဘေးမှာ ထားတဲ့ စားပွဲတင် နာရီကို ကြည့်တဲ့အခါ မနက် ( ၅ ) နာရီတောင် ထိုးနေပီ ဖြစ်သည်။ အိပ်ရာကနေထကာ အိမ်အနောက်ဖက်ကို သွားလိုက်ပီး ရေထည့်ထားတဲ့ ပီပါပုံးထဲက ရေကိုခပ်ကာ ခြေဆေးခြင်းအမှုကို အရင်လုပ်သည်။ ထိုနောက် ခြံထဲရှိ အလုပ်သမား တန်းလျှားကို ကြည့်တဲ့အခါ မီးအလင်းရောင် တစ်စိုးတစနဲ့ မနက်စာအတွက် ပြင်ဆင် ချက်ပြုတ်ရန် လုပ်ငန်းစနေပီဖြစ်သည်။

* ဂျောင်ဂု မနိုးသေးဘူးလား *

မျက်နှာသစ် သွားတိုက်ပီးသည့်တိုင်အောင် ဂျောင်ဂုရဲ့ အရိပ်အယောင်ကို မမြင်ရတာမို့ ဂျောင်ဂုကို မြို့သွားရန် နိုးရအုံးမည်။ မြို့မှာက ပူတာကြောင့် စောစောသွားပီး စောစောပြန်လာစေချင်တာကြောင့်လည်း ပါသည်။

ထိုနောက် သူ့ခြေလှမ်းတွေက ဂျောင်ဂုနဲ့ ဂျီမင်းတို့ရဲ့ အခန်းဖက်ကို ဦးတည်လိုက်သည်။ အခန်းရှေ့ရောက်တဲ့အခါ အခန်းတံခါးကို ခေါက်ရန် လက်ရွယ်ပီးမှ ဂျီမင်း နိုးမည်စိုးသောကြောင့် အခန်းထဲသို့ တိတ်တိတ်လေး ဝင်ရန် ဆုံးဖြတ်လိုက်သည်။

တံခါးကို ဖြေးညင်းစွာ ဖွင့်ပီး အခန်းထဲ ဝင်လိုက်တဲ့အခါ ကြမ်းပြင်ပေါ်မှာ ချွတ်ဝဲထားတဲ့ ဂျောင်ဂုရဲ့ အင်္ကျီသာ ရှိသာတွေ့ပီး လူကိုတော့ မတွေ့ပေ။

ဒီကောင်လေး ဘယ်ပျောက်သွားတာလဲ

ကုတင်ကို ကြည့်မိတဲ့အခါ စောင်ပုံကြားထဲ ဂျီမင်းကို ဖက်ကာအိပ်နေပုံက ပူးကပ်လွန်းလို့ အီကြာကွေးနဲ့ပင်တူနေပေသည်။

ဂျောင်ဂု ဂျောင်ဂု

အင်

ဂျောင်ဂုအနားကို သွားပီး လက်မောင်းကို ခပ်ဖွဖွရိုက်ကာ ခေါ်လိုက်တော့ အင် ဆိုပီး အသံတိုးတိုးလေးထွက်လာသည်

ထတော့

အင်းအင်း

ဂျောင်ဂု

နှောင်ကြိုးလေးတစ်မျှင်Where stories live. Discover now