Prologue : 00

872 110 4
                                    

⁞ unicode

စေ့စပ်ပွဲသည် အရာအားလုံး အဆင်ပြေလျက်ရှိသည်။ နှစ်ဖက် မိဘအသိုင်းအဝိုင်း၌ ဝမ်းနည်းခြင်းများ မရှိ၊ အားလုံးသည် လွင်သောအပြုံးများဆင်မြန်း၍ ဝမ်းသာနေကြသည်။ ပျော်ပျော်ရွှင်ရွှင်နှင့် အောင်မြင်စွာ ပြီးဆုံးသွားသောစေ့စပ်ပွဲကြောင့်ဟု ဆိုနိုင်သည်။ အနှောင့်အယှက်ကင်းကင်းနှင့် မိသားစုနှစ်ခုအတွက် ပေါင်းကူးတံတားတစ်ခုကို ဖန်ဆင်းနိုင်လိုက်ကြသည့်သဖွယ်။ နှုတ်ခမ်းများပေါ်တွင် ချိတ်ဆွဲထားသောအပြုံးများ သစ်လွင်နေကြ၏။ မျက်နှာများမှာလည်း ငြိုးငယ်ခြင်းမရှိဘဲ ပျော်ရွှင်နေသည့်အမူအရာများစွာနှင့်။

မကြာခင် လက်ထပ်ရမယ့်သတို့သားနှစ်ဦးကတော့ သူတို့တွေ၏မိဘများနှင့် ဆန့်ကျင့်ဖက်ပါပင်။ အခုအချိန်ထိ တရင်းတနှီးမရှိသေးကြ‌ချေ။ အချင်းချင်းမျက်နှာချင်းဆိုင် စကားတစ်ခွန်းမျှပင် မပြောဘူးကြပေ။ မိဘတွေ၏ ကြိုတင်စီစဉ်ခဲ့သော စေ့စပ်ပွဲဖြစ်သည့်တိုင် မနာခံ၍လည်း မရ။ သတို့သားနှစ်ယောက်လုံး ငြင်းခဲ့သည်ရှိသော် မျက်နှာပြတ်စရာကိစ္စများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် မချစ်သော်လည်း အောင့်အီးထားရသည်။ ကောင်းစေချင်၍ စီစဉ်သော မိဘများ၏သဘောထားများကို မျက်စိစုံမှိတ်ကာ ခေါင်းညိတ်ရတော့သည်။

ဂင်မ်အိမ်တော်၏ Alpha ဖြစ်သည့် အကြီးဆုံးသားရဲ့စေ့စပ်ခြင်းကိစ္စဖြစ်သည့်အတွက် ပတ်ဝန်းကျင်၌ သတင်းမွှေးလျက် ရှိသည်။ ယင်း Alpha သည် ပညာရေးတွင် သာမက လုပ်ငန်းခွင်၌ပါ အရည်အချင်းရှိလွန်းသည်။ ထို့အပြင် ပြောစရာမလိုလောက်အောင် ရုပ်ရည်ပိုင်းတွင်လည်း တခြား Alpha တွေထက် သာလွန်နေ၍ သားမတ်တော်ချင်နေသည့် ယောက္ခမလောင်းများ အများအပြားသာ။ ထိုအထဲမှာမှ ကံကောင်းစွာ ဂျောင်မိသားစုနှင့် ဆွေမျိုးတော်စပ်ဖို့ရန် အကြောင်းဖန်လာတော့သည်။

Omega တွေအများကြီးရှိတဲ့အထဲမှာမှ မျိုးရိုးမြင့်သည့် Omega တစ်ယောက်နှင့် စေ့စပ်လိုက်ရသည်။ သို့သော်ငြားလည်း ထို Omega သည် ပုံမှန်မဟုတ်။ အားနည်းချက်တစ်ခုနှင့်မွေးဖွားလာသည့် ယောင်္ကျားလေး Omega ဖြစ်ပေသိ ဂင်မ်မိသားစုကတော့ ဝမ်းပန်းတသာနှင့် ကြိုဆို လက်ခံပေးထားသည်။ သို့ဖြစ်ရာ လူအများကြား အားကျမှုတစ်သိန်းနှင့် ခံစားချက်များ စည်းကားနေသည်။

TO CLAIM THE OMEGA || KOOKJINWhere stories live. Discover now