Chapter : 01

555 91 8
                                    

⁞ unicode

" လက်ထပ်စာချုပ်နောက်မှာ backup အနေနဲ့ ကွာရှင်းစာချုပ်ပါ ထည့်ပေးလို့မရဘူးလား ဒက်ဒီ "

" ဂင်မ်နမ်ဂျွန်း! "

ကန့်လန့်တိုက်လာတဲ့အခါ မန်ဆော့ ဒေါသထွက်လာသည်။ သက်သက်မဲ့ အရွဲ့တိုက်နေသည့် နမ်ဂျွန်းက စေ့စပ်လိုက်သည့်ကိစ္စအပေါ် အခဲမကျေသေးချေ။ သည်အချိန်မှာမှ မနက်ကတည်းက အောင့်အီးထားရတဲ့ဒေါသတွေထံ ဖခင်အပေါ် ပုံချသည်။ အဖေဖြစ်သူကတော့ မနက်က နှစ်ဖက်လူကြီးတွေရှေ့တွင် ယခုလိုမျိုး အရှက်မခွဲတာကိုပင် အသံတိတ်ကျေးဇူးတင်လိုက်သည်။

ဧည့်ခန်းအတွင်း ညှိလို့မရတဲ့အပေးအယူကိစ္စကြောင့် မိုးမီးလောင်တော့သည်။ အဖေနှင့်သားကြားတွင် ကတောက်ကစတွေ များနေဟန်။ ထပ်မံပြီး အသံတိတ်မနေနိုင်တော့သည့်အဆုံး ပြဿနာစလေ၏။ တိတ်ဆိတ်နေသည့်ညဥ့်ဦးပိုင်းကို ဆူညံသံများ လွှမ်းမိုးစ ပြုလာတော့သည်။ ဘယ်သူမှားသလဲ? ဘယ်သူမှန်သလဲ? ဆိုတာသည်လည်း မသဲကွဲပေ။

" ဘာလဲ ကျွန်တော်က အဲ့ဒီ Omega နဲ့ silver anniversary ရောက်တဲ့အထိ ဖြတ်သန်းရမှာလား? အဓိပ္ပာယ်မရှိဘူး! "

" မင်း ငါ့ကို အရွဲ့လာမတိုက်နဲ့ နမ်ဂျွန်း! "

ဒေါသကြောင့် မစ္စတာဂင်မ်သည် မတ်တတ်ရပ်လိုက်တဲ့အထိ။ နေရာမှမရွေ့ဘဲ ထိုင်နေသည့် နမ်ဂျွန်းထံ စူးစိုက်ပြီး ကြည့်သည်။ လက်ပါတော့မည့် ကိုယ့်အခြေအနေကို ရိပ်စားမိ၍ မန်ဆော့ ဒေါသလျှော့သည်။ လက်ထပ်ခြင်းအကြောင်းအရာများကို နမ်ဂျွန်းအား နားဝင်အောင် ပြောသင့်သလောက် ပြောထားပြီးသော်လည်း လက်မထပ်ချင်‌ကြောင်းကိုသာ ဆက်တိုက်ပြောဆိုနေသည်။

" ဒါ မိဘ ကောင်းစေချင်လို့ စီစဉ်တဲ့ကိစ္စ။ မင်းမှာ ဘာမှ အထွန့်တက်ပိုင်ခွင့်မရှိဘူး! "

" ဘာကို ကောင်းစေချင်လို့လဲ? ဒီသားကို အကန်းနဲ့လက်ထပ်ပေးတာက ကောင်းစေချင်တာလား? ဟား ဒက်ဒီတို့က ရယ်ရတယ် "

" မင်း ဘယ်လို ပြောလိုက်တာလဲ! စိတ်ဓာတ်ကို ပြင်စမ်း! မင်းက စေ့စပ်ပြီးသွားပြီ နောက်လထဲ ကောင်လေးနဲ့ လက်ထပ်ရမယ်။ ငါ့စကားကို မလွန်ဆန်နဲ့ "

TO CLAIM THE OMEGA || KOOKJINWhere stories live. Discover now