Chapter : 02

733 94 17
                                    

⁞ unicode

‌ဆိုင်ဝန်းအတွင်း လူကျလျက် ရှိသည်။ ဆိုင်ကြီးဖြစ်တဲ့အတွက် ဝယ်ယူသူ များပြားနေခြင်းမှာ ပုံမှန်သာ။ မနက်ပိုင်းဖြစ်နေတာကြောင့် လူပိုအုံနေ၏။ အများအားဖြင့် ဆိုင်အတွင်း၌ ကျောင်းသားလေးတွေ ပိုများပါသည်။ မနက်စာအပြင် နေ့လည်စာအတွက်ပါ ထမင်းဘူးမပါသည့် ကျောင်းသားလေးများက order အမိအရ ယူတော့သည်။ ဆိုင်ထိုင်သည့်လူအရေအတွက်ထက် ပါဆယ်ဝယ်ယူသူများကား နှစ်ဆလောက် ရှိမည်။

" Toast ကောင်းတယ်မလား? ပြောသားပဲ Starbucks ကို လျှော့တွက်ပြီးတော့ ဟွန့် "

ဝိုင်းတစ်ဝိုင်းထံမှ အပြစ်တင်သံ ထွက်ပေါ်လာသည်။ မနက်စာ စားချိန်အတွင်း ဆော့ဂျင်မျက်နှာ‌ဟာ ဆူပုတ်ပုတ်။ အပြင်ဆိုင်တွေအပေါ် အထင်သေးလေ့ရှိသည့် အစ်ကိုကြီးကို ခံပြောလိုက်တော့သည်။ နာမည်ကြီး Starbucks ကိုတောင် မစားဖူးသေးဘဲ မကောင်းဘူးပြောလာတာမို့ ‌ညီငယ်လေးက စတင်ပြီး စိတ်ဆိုးတော့သည်။ မျက်နှာချင်းဆိုင် ထိုင်နေရတဲ့ နမ်ဂျွန်းကတော့ ကိုယ့်အပြစ်နဲ့ကိုယ်သာ။

" ငယ်လေးရာ ကိုကိုမှားတာပါ။ ဟုတ်ပြီလား? ဟိုဆော့တော့ စိတ်ညစ်နေဦးမယ် "

" အယ် ကျွန်တော် အဆင်ပြေပါတယ် နမ်ဂျွန်းရှီ "

" မဟုတ်ဘူး ကိုယ်က သဘောပြောတ-- "

" ကဲ တော်ပါတော့ ကိုကိုရယ်… ဆော့ကီ ဒီနေ့ပျော်တယ်မလား? Sandwich လည်း ကောင်းတယ်ဟုတ်? အများကြီးစားနော် အစ်ကိုတို့ကို အားမနာနဲ့ "

သွက်သွက်လတ်လတ်သမားပီပီ အငယ်လေးဖြစ်သည့် ဆော့ဂျင်က စကားဖြတ်ပြောတော့သည်။ သူတို့ညီအစ်ကိုကြားတွင် တစ်ယောက်တည်းဖြစ်နေသည့်ဟိုဆော့ မလွတ်‌လပ်မှာကို စိုးရိမ်၍ သက်သောင့်သက်သာဖြစ်စေရန် ပြောဆိုသည်။ မကြာခင် အမျိုးတော်စပ်တော့မည်ဖြစ်ရာ ဆော့ဂျင်အနေနဲ့ ပျော်ပါသည်။ အနွေးဓာတ်တွေကြောင့် ဧရိယာဟာ စိမ်းသက်ခြင်းများ ရှိမနေခဲ့။

နမ်ဂျွန်းနှင့်ဟိုဆော့တို့၏ လက်ထပ်ပွဲသည် ရက်အနည်းငယ်သာ လိုပါတော့သည်။ မိဘတွေရဲ့ဆန္ဒအရ လက်မထပ်ခင် သတို့သားနှစ်ယောက်ကို ပိုမိုရင်းနှီးစေချင်သည့်အတွက် ချိန်းတွေ့ခွင့်ပေးထားသည်။ ကာယကံရှင်နှစ်ဦးကပါ ခေါင်းညိတ်ထားသဖြင့် အဆင်ပြေသွားတော့သည်။ တစ်ခါတလေ date လုပ်ရသည့်နေ့များတွင် ဆော့ဂျင်ပါလာတတ်သည်။ ယနေ့တွင်လည်း အငယ်လေးက နမ်ဂျွန်းတို့ကြားတွင် သုံးဘီးလုပ်လို့ ကောင်းနေသည်။

You've reached the end of published parts.

⏰ Last updated: May 07, 2023 ⏰

Add this story to your Library to get notified about new parts!

TO CLAIM THE OMEGA || KOOKJINWhere stories live. Discover now