<Part3>
"အာ့! ကျစ်"
***မနက်မိုးလင်းလာသည်နှင့်ရထားသောဒဏ်ရာတို့မှနာကျင်မှုဟာလေသည်ရုတ်ချည်းတိုက်ချသကဲ့သို့ခံစားလာရတော့သည် ။ မင်းသားလေး... မင်းသားလေးရောအဆင်ပြေမှပြေရဲ့လား မိမိအခြေနေကိုသတိမမူမိတော့လောက်အောင်ထိုသူဟာစိတ်တွင်နေရာယူလွန်းပါဘိ***
နာကျင်မှုကြောင့်စုတ်သတ်သည်ကိုကြားလို့ထင်၏၊အင်းဆော့ကစကားစပြောလာသည်။
"သခင်လေး နိုးပါပြီလား
အဆောင်တော်ရှေ့မှာသခင်မလေးNabiရောက်နေပါတယ်"Nabi... Jeon Nabi သူမကိုဂျိုဆွန်းတစ်နိုင်ငံလုံးမသိသူမရှိ
လိပ်ပြာမင်းသမီးရယ်လို့တင်စားရလောက်အောင်လှပလွန်း၍ပြတ်သားပြီးအမှန်တရားကိုသာမြတ်နိုးသူမို့ ပိုမို၍နာမည်ကြီးရသည်သာ၊ ကိုယ်ရံတော် jeon၏ညီမဖြစ်သူဆိုလျှင်လည်းမမှား မျက်ဝန်းဝိုင်းလေးများနဲ့ကမောင်နှမတော်သည်လားလို့မေးစရာမလိုအောင်ပံ့ပိုးနေပြန်ပါ၏ ။
တစ်ဆက်တည်းမှာပင်သူမ၏ အခြေအနေမှာသနားစရာကောင်းလှသည်။ ပြီးလျှင်လိုချင်တာ၊ဖြစ်ချင်တာရှိရင်လည်းအမြဲအပူကပ်တတ်သည်မို့ ယခုလည်းသူမဘာကိစ္စကြောင့်လာသည်မသိ။ ။"ခဏနေရင်ထွက်လာခဲ့ပါမယ်စောင့်နေဖို့ပြောပေးထားပါ အင်းဆော့ "
kimငယ်ငယ်လေးကတည်းသူ့ထက်၃နှစ်ငယ်သောထိုကောင်လေးနဲ့ကကစားဖော်ကစားဖက် ရိုးသားပြီးသစ္စာရှိတဲ့အင်းဆော့ကလည်းkimအပေါ်အကိုအရင်းသဖွယ်သဘောထားလေတယ်
"ဟုတ်ကဲ့ပါ သခင်လေး"
.
.
.
.
.***စိတ်ထဲတွင်သိချင်ပါသည် ထိခိုက်မှုအများဆုံးကkimမို့အဆင်ပြေမပြေ၊နေကောင်းမကောင်း
သတင်းသွားမေးချင်ရုံသာအခြားဘာစိတ်မှမရှိပါ***"kook အပြင်မှာရှိလား"
"ဟုတ်ရှိပါတယ် ဝင်လာခဲ့ရမလားမင်းသား"
"အင်း"
kookကိုခေါ်ထားပြီးဘယ်ကစပြောရမလဲမသိဖြစ်နေသည်
နန်းတော်အပြင်ဘက်ကိုထွက်ရမည်ကိစ္စပေမို့စပြောဖို့ရာစကားရှာမရပေ။ ဒီကောင်လေးကခမည်းတော်ကိုကြောက်တယ်ဘာညာဆိုပြီအတူမလိုက်နိုင်ဘူးပြောရင်ဒုက္ခ။ဟူး...ဘာဘဲဖြစ်ဖြစ်မရရင်ရအောင်ခေါ်ပြီးသွားရမှာဘဲနောက်ဆုံး အမိန့်ဆိုရင်တော့သူမလွန်ဆန်နိုင်လောက်ပါဘူး
YOU ARE READING
KIM & JUNG (Rest)
عشوائي" သတ်မှတ်ချက်ဆိုတာကြီးကိုမုန်းလာပြီ Kim ရယ် ငါတို့ကြားမှာစည်းတစ်ခုအကြီးကြီးတားထားသလိုဘဲ " " ကျွန်တော်မျိုးက Jung ကိုစောင့်ရှောက်ပေးမှာမို့ ပြည်သူတွေကိုပိုပြီးစောင့်ရှောက်ပေးပါ " [ မှတ်ချက် - Part 1 လေးဘဲဖတ်ပြီးလှည့်မပြန်ကြပါနဲ့ >3 ] OTP - Vope , Jik...