<Part 11>
"သားတော်! မင်းမဟုတ်တန်းရားတွေစွပ်စွဲပြောဆိုမနေစမ်းနဲ့!"
မင်းကြီး၏အသံမှာနန်းဆောင်ထဲဝယ်ဟိန်းကနဲ
အချို့သောအကြောင်းရာတို့ကား သိလို့သွားခဲ့ပြီ"ခမည်းတော် မယုံရင်အဲ့နေ့ညကအနောက်ဘက်ဥယျာဥ်တော်မှာတာဝန်ကျတဲ့သူတွေကိုမေးကြည့်နိုင်ပါတယ်"
"ငါ သားတော်ငယ်ကိုမေးပြီးသူကိုယ်တိုင်ပြောမှလက်ခံတော်မူမယ်"
"ခမည်းတော် ဘယ်သူခိုးကမှသူကပစ္စည်းခိုးသည် ဆိုပြီးဘယ်တော့မှခုံရုံးကိုရောက်မလာဘူး"
သားဖြစ်သူ၏စကားကြောင့်မင်းကြီးဟာလည်းဘာမှမပြောနိုင်တော့။
အမှန်တကယ်သူအချစ်ပိုရသောသားဖြစ်သူကငယ်စဥ်ကတည်းကပုခုံးဖက်ပေါင်းစေခဲ့တဲ့သူနဲ့အချင်းချင်းမေတ္တာမျှနေသည်တဲ့ ပြီးတော့မိန်းကလေးမဟုတ်ယောင်္ကျားလေးတွေ။"အပြင်မှာအထိန်းတော်ချုပ်ရှိလား"
"ရှိပါတယ်မင်းကြီး"
"မြန်မြန်သွားပြီးသားတော်ငယ်နဲ့စစ်သူကြီးသား tae hyung တို့ကိုသွားခေါ်စေ"
"မှန်လှပါ"
အထိန်းတော်ချုပ်ဟာလည်းမင်းကြီး၏အမိန့်ကြောင့်ရှာဖွေနေလေသည်။ ထိုစဥ်ပင်အရှေ့မှအချင်းချင်းလက်ယှက်သွယ်ကာလာနေသော
မင်းသားhoseok နဲ့ သခင်လေး tae hyung ကိုတွေ့ရသည်မို့အနားရောက်အောင်သုတ်ခြေတင်သွားလိုက်လေသည်။
အထိန်းတော်ချုပ်အားမြင်သည်နှင့်လက်တို့အားဖြုတ်ချလိုက်ပါသောသူတို့။ ကြည်နူးနေစရာအခိုက်အတန့်လေးဟာရပ်တန့်သွားတော့မည်လားမပြောတတ်။"မင်းသားနဲ့သခင်လေးမင်းကြီးရှာနေပါတယ် လိုက်ခဲ့ပေးပါဦး"
"ခမည်းတော်က? ဘာကိစ္စရှိလို့ပါလဲ အထိန်းတော်ကြီးရဲ့"
"ကျွန်တော်မျိုးလည်းမသိပါဘူး အမြန်ရှာဖို့သာမှာလိုက်တာတာမို့လိုက်ခဲ့ပေးပါဦး"
"ဟုတ်ပြီ ရှေ့ကသွားပါအထိန်းတော်ချုပ်" - Kim
အထိန်းတော်ချုပ်ရှေ့မှသွားသည်နှင့်မင်းသားငယ်ဟာလှည့်ကြည့်လာခဲ့သည်။tae hyung ဟာလည်းအဆင်ပြေမှာပါဆိုသည့်အပြုံးတို့နှင့်ပြန်လည်ပြုံးပြခဲ့လေတယ်။
YOU ARE READING
KIM & JUNG (Rest)
Random" သတ်မှတ်ချက်ဆိုတာကြီးကိုမုန်းလာပြီ Kim ရယ် ငါတို့ကြားမှာစည်းတစ်ခုအကြီးကြီးတားထားသလိုဘဲ " " ကျွန်တော်မျိုးက Jung ကိုစောင့်ရှောက်ပေးမှာမို့ ပြည်သူတွေကိုပိုပြီးစောင့်ရှောက်ပေးပါ " [ မှတ်ချက် - Part 1 လေးဘဲဖတ်ပြီးလှည့်မပြန်ကြပါနဲ့ >3 ] OTP - Vope , Jik...