EIE 1

7K 534 9
                                    

Unicode

Konbanwa!

ဒါလေးက အခုမှရေးပြီးတင်တာမဟုတ်ပါဘူး။ zswwmmfc ရဲ့ KBL Project အတွက် ရေးပေးခဲ့တဲ့ mini fic လေးကို အားလုံးဖတ်လို့ရအောင် wp မှာ ပြန်တင်ပေးလိုက်ပါတယ်။ project မှာ ပါဝင်ပေးခဲ့ကြသူတစ်ယောက်စီတိုင်းကို လေးငယ်က ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ Project လေးမှာ ပါဝင်ဖို့ ပြောတဲ့အခါ ဒိုးနပ်မို့ မငြင်းဖြစ်ပေမယ့် လေးငယ်မှာ one shot အတွက် ဘာ plot မှ မရှိနေခဲ့ပါဘူး။ အနားယူပြီးပြန်လာချိန်မှာ ရေးမယ်လို့ စိတ်ကူးထားတဲ့ long fic ရဲ့ plot ကိုပဲ ရတဲ့အချိန်လေးမှာ mini shot လေးအနေနဲ့ ချုံ့ရေးခဲ့လိုက်ပါတယ်။ ဖတ်ရတာ အဆင်မပြေဖြစ်ခဲ့ရင် လေးငယ်ရဲ့အားနည်းချက်သာဖြစ်တဲ့အတွက် လေးငယ်က reader လေးတွေကို တောင်းပန်ပါတယ်နော်။ ဒီ project လေးမှာ ပါဝင်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

------------------------

၂၀၂၃ ခုနှစ် ပေကျင်း။

ခွမ်း...

ရိပေါ်သည် နံရံထက်မှ ပြုတ်ကျတော့မည့် မိဘနှစ်ပါးရဲ့ဓါတ်ပုံကို လှမ်းဖမ်းဖို့ ကြိုးစားသော်လည်း မအောင်မြင်လိုက်ပေ။ အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲသွား သော မှန်ကွဲစများကြားက ပြုံးရယ်နေကြတဲ့ ပါးနဲ့မားရဲ့ဓါတ်ပုံကို ကောက်ယူ လိုက်သည်။

ဓါတ်ပုံကားချပ်ကို ထိန်းကွပ်ထားသည့် သစ်သားဘောင်ကလည်း ပြုတ်ထွက် သွားပြီဖြစ်တာကြောင့် ဓါတ်ပုံကိုချည့် ရင်မှာပိုက်ထားလိုက်ရသည်။ မျက်ရည် များကို လက်ခုံနဲ့ ပွတ်သုတ်လိုက်ပြီး တုန်ရင်နေသော လက်များကိုလည်း အချင်းချင်းဆုပ်နယ်လို့ ထိန်းချုပ်ထားနေရသည်။

"ဟို ကျန်တဲ့ဓါတ်ပုံလေးတွေ ဖြုတ်ပြီး ကျွန်တော့်ကို‌ပေးပါ့လားခင်ဗျာ"

နံရံပေါ်က ဓါတ်ပုံတွေ ပန်းချီကားတွေအကုန်လုံးကို သမံတလင်းကြမ်းခင်းပေါ် သို့ တဝုန်းဝုန်း ဆွဲဖြုတ်ချပြီး အခန်းတွင်းအလှဆင်ခြင်းတွေ ချက်ချင်းပြင်ဆင် နေကြသောလူတွေက ရိပေါ်ကို လှမ်းကြည့်လိုက်ကြသည်။

ကြင်နာတတ်ပုံရသည့် ကောင်လေးတစ်ယောက်က ငိုထားလို့ မျက်လုံးတွေ အစ်နေပြီး နှာခေါင်းထိပ်လေးတွေရဲနေသော ရိပေါ်ကို သနားသွားပုံရသည်။ ဝရုန်းသုန်းကားနဲ့ ဖြုတ်ချနေသော ဓါတ်ပုံတွေကို သေချာဖြုတ်ပြီး သူ့ဆီ ကမ်းပေးလာသည်။

Entangled in Enmity (မာနတို့ဖြင့် ရက်သီထားသော)Where stories live. Discover now