Unicode
"သားလေး ရော့။ ဒီဟင်းထုပ်တွေကို အိမ်ဖက်ယူသွားလိုက်နော်။ အမေက အားလုံးဆေးကြောပြီးမှ ပြန်လာခဲ့မယ်"
"သားလည်း ကူဆေးပေးမယ်လေ အမေ။"
"ရတယ်သား။ ဒီမှာ သမီးလဲ့လည်းရှိတယ်။ တစ်ခြားသူတွေလည်း ရှိပါသေး တယ်။"
အိမ်ကြီးမှာ ပါတီလုပ်တာကြောင့် ပါတီပြီးတော့ ကျန်နေသည့် ဟင်းလျာတွေ ကို ခွဲထုပ်ပြီး အလုပ်သမားတွေ ခွဲဝေယူကြခြင်းဖြစ်သည်။ ရှောင်းကျန့်က မိခင်ဖြစ်သူ ပေးလိုက်သည့် ဟင်းထုပ်တွေကို သယ်လာရင်း အိမ်မကြီးနောက်က အလုပ်သမားတန်းလျားသို့ ပြန်လာလိုက်သည်။
အဖေကလည်း တစ်ချို့ဧည့်သည်တွေကို အိမ်ပြန်ပို့ပေးနေရတာကြောင့် ကားမောင်းရတာ လက်မလည်အောင် ဖြစ်နေသည်။ စားဖိုဆောင်နဲ့ သန့်ရှင်းရေးပိုင်းကို တာဝန်ယူရသည့် မိခင်နဲ့ အစ်မဖြစ်သူကလည်း အလုပ်တွေမပြီးသေးပေ။ ၁၀ နှစ်သာ ရှိသေးသည့် ရှောင်းကျန့်ကတော့ ဘေးကနေ ခိုင်းတာကို တောက်တိုမယ်ရ ကူပေးရုံလောက်သာ လုပ်တတ်သည်။
ရှောင်းကျန့်သည် တန်းလျားကိုပြန်လာရင်း အိမ်မကြီးနဲ့ တန်းလျားကို သွားတဲ့လမ်းဘေးက အားကစားကွင်းဖက်ဆီ အကြည့်ရောက်သွားသည်။ အားကစားကွင်းထဲမှာ မီးအလင်းထွန်းထားတာ ကြောင့် ည ၈ နာရီဆိုပေမယ့် နေ့လိုပဲ လင်းချင်းနေသည်။ ကွင်းထဲမှာ သခင်လေးနဲ့ သူငယ်ချင်းတစ်စု စကိတ်ဘုတ်စီးနေကြသည်။ ရှောင်းကျန့်က သစ်ပင်အကွယ်ကနေ အသာလေး ချောင်းကြည့်နေလေသည်။
စကိတ်ဘုတ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ စီးနေသည့် သခင်လေးကို သဘောကျစွာ ငေးကြည့်ရင်း အားကျနေမိသည်။ သိပ်စီးတတ်ပုံမရသည့် ကောင်လေး တစ်ယောက်ကို သခင်လေးက ပြောပြသင်ပေးနေသည်။ သူ့ကိုလည်း သခင်လေးက ထိုကဲ့သို့ သင်ပေးလျှင် ဘယ်လောက်ကောင်းမည်နည်းဟု မတန်မရာ တွေးနေမိသည်။
"ဟိတ်.... မင်းကဘယ်သူလဲ။ ဘာဖြစ်လို့ ချောင်းကြည့်နေရတာလဲ"
"ဟင်"
ရုတ်တရက် သူ့စွပ်ကျယ်အင်္ကျီအနွမ်းလေးကို နောက်ကနေ စုကိုင်ခံလိုက်ရတာကြောင့် နဂိုနွမ်းနေသည့် အင်္ကျီလေးက ဗြိခနဲ ပြဲသွားလေ သည်။ သူ့ကို အတင်းဆွဲရမ်းခေါ်ဆောင်လာရင်း
YOU ARE READING
Entangled in Enmity (မာနတို့ဖြင့် ရက်သီထားသော)
FanfictionUnicode ဝမ်မိသားစုရဲ့ပယောဂကြောင့် မိဘတွေနဲ့ အစ်မဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ရှောင်းကျန့်။ အမုန်းရန်ငြှိုးတွေနဲ့လက်စားချေဖို့ ပြန်ရောက်လာတဲ့အခါ နာကျည်းမှုတွေက ချစ်ခြင်းတရားကို အနိုင်ယူသွားလိမ့်မလား။ ချစ်ခြင်းတရားက နာကျည်းချက်တွေကို ချေဖျက်ပေးသွားနိုင်လ...