EIE 5 (Final)

7.3K 512 24
                                    

Unicode

လူက ကိုင်ရိုက်ထားသလို နာကျင်နေတာကြောင့် မလှုပ်ချင် မရှားချင် ဖြစ်နေသည်။ မျက်လုံးတွေကိုလည်း မဖွင့်ချင်။ အိပ်ယာကနေ မထချင်ဘဲ တစ်နေကုန်အိပ်သာနေလိုက်ချင်တော့သည်။ ရုတ်တရက် ရိပေါ်ရဲ့မျက်လုံးတွေ က အလန့်တကြားပွင့်လာပြီး စားပွဲပေါ်က နာရီကို လှမ်းယူကြည့်လိုက်သည်။

သွားပြီ...။ ၈ နာရီ ထိုးတော့မည်။ ရှောင်းကျန့်ကို ၇ နာရီမှာ မနက်စာပြင်ပေးရမည် မဟုတ်လား။ ရိပေါ် အိပ်ယာထက်ကနေ အမြန် ထ ထိုင်လိုက်သည်။ ကျောရိုးတစ်လျှောက်စူးအောင့်နာကျင်မှုကြောင့် အသံထွက် အော်ညည်းမိရင်း အိပ်ယာထဲ ပြန်လဲကျသွားသည်။

"အား... သေတော့မှာပဲ နာလိုက်တာ ကျွတ် ကျွတ်..."

တော်ပြီ။ ဒီနေ့တစ်ရက်တော့ နားမည်။ ရှောင်းကျန့် ဘာမှမပြောလောက်ဘူး မဟုတ်လား။ သူ့ကြောင့်ပဲလေ။ မဟုတ်သေးဘူး။ ဒီကောင်က သူယူစရာရှိတာယူတာလို့ သဘောထားနေမှာ။ ရိပေါ်သည် အံကြိတ်လိုက်ပြီး အားတင်း ထ လိုက်သည်။ ခုတင်အောက်ဆင်းလိုက်တော့ မတ်တပ်တောင် မရပ်နိုင်ဘဲ ခြေထောက်တွေခွေပြီး ကြမ်းပြင်ပေါ် ပုံလဲကျသွားသည်။

"ဘုရားရေ... ငါ အောက်ပိုင်းသေသွားတာတော့ မဟုတ်ဘူးမို့လား"

ရိပေါ်သည် ထိတ်လန့်တုန်လှုပ်သွားပြီး ခြေထောက်တွေကို ဆုပ်ကိုင်လိုက် သည်။ အထိအတွေ့ကို သိနေတာကြောင့် စိတ်သက်သာရာရသွားသည်။ အောက်ပိုင်းတစ်ခုလုံး ထုံစပ်နာကျင်နေတာတော့ မပျောက်သွားပေ။ စိတ်ထဲကနေ ရှောင်းကျန့်ကို မေတ္တာတွေပို့ရင်း နံရံကို ထိန်းကိုင်လို့ ရေချိုးခန်းဆီရောက်အောင်သွားရသည်။ ရေနဲ့ထိလိုက်မှ နာကျင်နေတာတွေ အနည်းငယ်ပြေလျော့ သွားသည်။ 

ရှောင်းကျန့် သွားလောက်ပြီလို့ ယူဆပြီး စားဖိုဆောင်ဆီ လှမ်းဝင်လိုက်သည်။ စားပွဲဝိုင်းမှာ ငုတ်တုပ်ထိုင်ရင်း စာစောင်တစ်ခုထိုင်ဖတ်နေတဲ့ ရှောင်းကျန့်ကို မြင်လိုက်တော့ ရိပေါ်ရဲ့ခြေလှမ်းတွေ တုန့်သွားသည်။ ရှောင်းကျန့်က သူ့ကို မျက်လွှာတစ်ချက်ပင့်ကြည့်သည်။ ပြီးတော့ ချက်ချင်း ပြန်လွှဲသွားပြီး သတင်းစာကို ဆက်ဖတ်နေသည်။

Entangled in Enmity (မာနတို့ဖြင့် ရက်သီထားသော)Where stories live. Discover now